မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
အီတာလျံ-ထိုင်းကုမ္ပဏီ
Home
အီတာလျံ-ထိုင်းကုမ္ပဏီ
A
d
v
e
r
t
i
s
e
m
e
n
t
With Us
January 19, 2021
205
အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ၉ ခုစာချုပ် ရပ်ဆိုင်း
အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ တနင်္သာရီတိုင်း ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် စီမံကိန်း ၉ ခုအတွက် စာချုပ် ချုပ်ထားတာကို အကောင်အထည်ဖော်မှု ကြန့်ကြာတာကြောင့် ရပ်ဆိုင်းလိုက်တယ်လို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ပြောပါတယ်။
အီတာလျံ-ထိုင်းကုမ္ပဏီဟာ တင်ပြဖို့နဲ့ ဖြည့်စွက်ဖို့အချက်တွေကို သတ်မှတ်ချိန်အတွင်း ဖြည့်ဆည်းဆောင်ရွက်နိုင်မှု မရှိသလို ဘဏ္ဍာရေးဆိုင်ရာ ပျက်ကွက်မှုတွေကိုလည်း ကုစားနိုင်မှု မရှိတဲ့အတွက် အခုလို ကနဦးအဆင့်စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခွင့်စာချုပ်တွေကို ရပ်ဆိုင်းဖို့ ရွေးချယ်လိုက်တာလို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှာပြုလုပ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက အခုလို ပြောတာပါ။
အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ ကနဦးအဆင့်စီမံကိန်းလုပ်ငန်း ၉ ခုအတွက် ချုပ်ဆိုထားတဲ့ စီမံကိန်းလုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်တွေကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်ကတည်းက ရပ်ဆိုင်းကြောင်း အကြောင်းကြားစာပေးပို့ထားတာလို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ပြောပါတယ်။
“ကော်မတီအနေနဲ့ အခုအကြိမ်မှ မဟုတ်ဘဲ ယခင်နှစ်တွေကတည်းက စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ သို့ရာတွင် ကျနော်တို့ အကြောင်းမဆီလျော်ခဲ့တဲ့အခါမှာ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တာပဲ ဖြစ်ပါတယ်။ အခုကတော့ ကျနော်တို့အနေနဲ့ ဒီစီမံကိန်းကို ချုပ်ဆိုထားတဲ့ စာချုပ်တွေနဲ့ပတ်သက်ပြီး ဖျက်သိမ်းလိုက်တဲ့ အခြေနေလေးတရပ်ကလည်း ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့ရဲ့ ထုတ်ပြန်လိုက်တဲ့အချက်ကို သက်ဆိုင်ရာကုမ္ပဏီထံကို ပေးပို့ခဲ့တာ ပြီးခဲ့တဲ့ လကုန်က ဖြစ်ပါတယ်။”
စီမံကိန်း ရပ်ဆိုင်းလိုက်တာကြောင့် အီတာလျံ-ထိုင်း ကုမ္ပဏီဘက်က မြန်မာအစိုးရကို ဥပဒေအရ တရားစွဲဆိုလာပါက ကုမ္ပဏီဘက်က ပျက်ကွက်ခဲ့တဲ့ တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်လို့ အထောက်အထား ခိုင်ခိုင်လုံလုံရှိတာကြောင့် တုံ့ပြန်သွားမှာဖြစ်ပေမယ့် နှစ်ဖက် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
စီမံကိန်းဧရိယာ ၂၀၄ စတုရန်းကီလိုမီတာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်မှာ မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့နဲ့ အီတာလျံထိုင်းကုမ္ပဏီတို့က ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ ကားလမ်း၊ မီးရထားလမ်းတွေ အကောင်အထည်ဖော်ဖို့ MoU စာချုပ်ချုပ်ဆိုပြီး စတင်ခဲ့တာဖြစ်ပေမယ့် အီတာလျံထိုင်းကုမ္ပဏီအနေနဲ့ ၂၀၁၃ ခုနှစ်မှာ လုပ်ငန်းအကောင်အထည် မဖော်နိုင်တဲ့အတွက် စာချုပ်ဖျက်သိမ်းခဲ့ရပါသေးတယ်။
မူလစီမံကိန်းဧရိယာ ၂၀၄ စတုရန်းကီလိုမီတာအစား ၁၉၆ စတုရန်း ကီလိုမီတာ ပြောင်းလဲသတ်မှတ်ပြီးနောက်ပိုင်း ၂၇ စတုရန်းကီလိုမီတာရှိတဲ့ ကနဦးစီမံကိန်းအတွက် တင်ဒါပြန်လည်ခေါ်ဆိုတာမှာ အီတာလျံ-ထိုင်းကုမ္ပဏီက အနိုင်ရပြီး ပြန်လည်စာချုပ်ခဲ့တာလို့ ဒေါက်တာထွန်းနိုင်က ပြောပါတယ်။
“ကနဦးစီမံကိန်းလို့ ခေါ်တဲ့ ၂၇ စတုရန်းကီလိုမီတာနဲ့ပတ်သက်ပြီး ချုပ်ဆိုထားတဲ့ လုပ်ငန်းတွေအတွက် အီတာလျံထိုင်းကုမ္ပဏီနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ပင်မစီမံကိန်းလို့ပြောတဲ့ အကြမ်းဖျင်း ၁၇၀ စတုရန်းကီလိုမီတာမှာ ဆောင်ရွက်မယ့် ကိစ္စရပ်တွေမှာ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရကြား အစိုးရချင်း ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ နယ်မြေနယ်နိမိတ်ချင်း သီးခြားစီဖြစ်ပါတယ်။ ဒါကြောင့် အခုရပ်ဆိုင်းလိုက်တဲ့ စာချုပ်တွေဟာ အီတာလျံ-ထိုင်းကုမ္ပဏီနဲ့သာ ရပ်ဆိုင်းခြင်းသက်ဆိုင်မှာဖြစ်ပါတယ်။”
ကနဦးစီမံကိန်းနဲ့ပတ်သက်လို့ နောက်ထပ် တင်ဒါခေါ်ဆိုထားတာမရှိသေးဘဲ မြန်မာ-ထိုင်း-ဂျပန်နိုင်ငံတို့ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ပါဝင်ဆောင်ရွက်လိုကြောင်း အဆိုပြုလွှာပေးပို့ခဲ့ပြီး မြန်မာအစိုးရက နိုဝင်ဘာလ ၂၀ရက်နေ့မှာ လက်ခံကြောင်း အကြောင်းပြန်ကြားထားတယ်လို့ သိရပါတယ်။
1 month Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up