အီတာလျံအိုးပန်း

May 20, 2019

နဒါးက ဂျိုကိုဗစ်ကို အနိုင်ယူပြီး အီတာလျံအိုးပန်း ချန်ပီယံဆု ၉ ကြိမ်မြောက် ဗိုလ်စွဲ

မနေ့ကယှဉ်ပြိုင်သွားတဲ့ နာမည်ကြီး တင်းနစ်သမားနှစ်ဦး ထိပ်တိုက်တွေ့တဲ့ အီတာလျံအိုးပန်း ဗိုလ်လုပွဲမှာ ရာဖယ် နဒါးက နိုဗက် ဂျိုကိုဗစ်ကို အနိုင်ရသွားပါတယ်။ မြေစေးကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ နဒါးက ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ ဂျိုကိုဗစ်ကို အနိုင်ယူပြီး ချန်ပီယံသရဖူကို ဆက်ထိနးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်က မက်ဒရစ်အိုးပန်းမှာ ချန်ပီယံဖြစ်ထားတဲ့ ဂျိုကိုဗစ်ဟာ ဒီပွဲမှာတော့ မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ နဒါးဟာ မြေစေးကွင်းမှာ ဂျိုကိုဗစ်ကို လက်စွမ်းပြ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ပထမပွဲကို ၆ - ၀ နဲ့နိုင်ပြီး ဒုတိယပွဲကို ၄ - ၆ နဲ့ ရှုံးခဲ့ပါတယ်။ နောက်ဆုံးပွဲမှာ နဒါးက ၆ - ၁ နဲ့ အနိုင်ယူသွားတာပါ။ နဒါးအတွက်တော့ ဒီနှစ်ထဲမှာ ပထမဆုံး ဗိုလ်စွဲတဲ့ ချန်ပီယံဆုဖလားလည်း ဖြစ်သလို အီတလီအိုးပန်း ချန်ပီယံဆုကို ၉ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။
2 years Ago

May 19, 2019

အီတာလျံအိုးပန်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် နဒါး တွေ့ဆုံ

မနေ့က အီတလီနိုင်ငံ Rome မှာ ယှဉ်ပြိုင်သွားတဲ့ အီတာလျံအိုးပန်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နာမည်ကြီး ရာဖယ် နဒါးက ဂရိက စတက်ဖီနိုစ် ဆီဆီပတ်စ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။ မြေစေးကွင်းဘုရင် နဒါးက ပထမပွဲကို ၆ - ၃၊ ဒုတိယပွဲကို ၆ - ၄နဲ့ အနိုင်ရတာပါ။ ပြီးခဲ့တဲ့တပတ် မက်ဒရစ်အိုးပန်းမှာတုန်းက စတက်ဖီနိုစ် ဆီဆီပတ်စ်ကို ရှုံးထားတဲ့ ရှုံးကြွေးကို ဒီပွဲမှာ ပြန်ဆပ်နိုင်ခဲ့ပါတယ်။ နောက်ပွဲစဉ်ဖြစ်တဲ့ အီတာလျံ အိုးပန်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာပဲ ကမ္ဘာ့နံပါတ်တစ် နိုဗက် ဂျိုကိုဗစ်က အဆင့် ၂၄ ဖြစ်တဲ့ အာဂျင်တီးနားက  ဒီယေဂို ရှဝပ်စမန်ကို ၃ ပွဲကစားပြီးမှ အနိုင်ရခဲ့ပါတယ်။ အာဂျင်တီးနက ရှဝပ်စမန်ဟာ အီတာလျံအိုးပန်းမှာ ဆီမီးအဆင့်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တာပါ။ ဒီပွဲနိုင်တဲ့ ဂျိုကိုဗစ်က  ဗိုလ်လုပွဲမှာ လက်ရှိ ချန်ပီယံ ရာဖယ် နဒါးနဲ့ ယှဉ်ပြိင်ရမှာပါ။
2 years Ago
Up