အီတလီ အစိုးရအဖွဲ့သစ်သမ္မတ ကျမ်းသစ္စာဆို

September 6, 2019

အီတလီ အစိုးရအဖွဲ့သစ်သမ္မတ ကျမ်းသစ္စာဆို

ပြိုင်ဘက်နိုင်ငံရေးပါတီ နှစ်ခုကို  ညွန့်ပေါင်းအစိုးရအဖြစ် ပေါင်းစည်းလိုက်တဲ့  အီတလီ အစိုးရအဖွဲ့သစ် သမ္မတ ဆာဂျီယို-မက်သာရယ်လာဟာ စက်တင်ဘာ ၅ ရက်က ကျမ်းသစ္စာ ဆိုခဲ့ပါတယ်။   အခုဖွဲ့လိုက်တဲ့ အီတလီအစိုးရသစ်ဟာ အီးယူနဲ့ ဆက်ဆံရေး  ကောင်းမွန်ပြီး လူဝင်မှုအပေါ် သဘောထား ပျော့ပျောင်းမယ်လို့  မျှော်လင့်ရပါတယ်။    ဖိုက်စတား လှုပ်ရှားမှုပါတီနဲ့ ဗဟိုလက်ဝဲ ဒီမိုကရက်တစ်ပါတီ (PD) တို့က ဝန်ကြီးတွေနဲ့  ကနဦး ရွေးထုတ်ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ် ဂျူဆပ်ပစ်ကွန်တေက ဦးဆောင်သွားမှာပါ။ ညွန့်ပေါင်းအစိုးရအဖွဲ့ကနေ မာသဲယို ဆယ်ဗန်နီရဲ့ လိဂ်ပါတီနုတ်ထွက်ခဲ့ပြီးနောက်  ကွန်တေ ဦးဆောင်တဲ့ ပြီးခဲ့တဲ့ အစိုးရအဖွဲ့ဟာ ပြိုကွဲခဲ့ပါတယ်။  လိဂ်ပါတီခေါင်းဆောင် ဆယ်ဗန်နီရဲ့ အစီအစဉ်က ကိုယ့်ကိုယ်ကိုယ် ပြန်ထိခဲ့ပြီး အရင် ရန်သူဟောင်း ပါတီနှစ်ခုကို မဟာမိတ်ဖြစ်စေခဲ့တာပါ။  အဲဒီမဟာမိတ်သစ်ဟာ သူ့ရဲ့ရွှေ့ပြောင်းလာသူတွေ နှိပ်ကွပ်မှုအပေါ် ဖြိုခွင်းမယ်လို့ မျှော်လင့်ရပြီး အီးယူနဲ့ ဆက်ဆံရေး ဆိုးရွားမှုကို ပြုပြင်ဖွယ်ရှိပါတယ်။ အခုအခါမှာတော့ ဆယ်ဗန်နီဟာ အတိုက်အခံအဖြစ် ရပ်တည်ပီုး  အီတလီအစိုးရအဖွဲ့သစ်ကို “အာဏာစွန့်ရမှာ ကြောက်စိတ်နဲ့ မွေးဖွားလာတဲ့ ပြင်သစ်နဲ့ ဘာလင်ထွက်  အစိုးရ” ဆိုပြီး ကင်ပွန်းတပ်ခဲ့ပါတယ်။ 
အီတလီ အစိုးရအဖြဲ႕သစ္သမၼတ က်မ္းသစၥာဆို DVB ၿပိဳင္ဘက္ႏိုင္ငံေရးပါတီ ႏွစ္ခုကို ၫြန႔္ေပါင္းအစိုးရအျဖစ္ ေပါင္းစည္းလိုက္တဲ့ အီတလီ အစိုးရအဖြဲ႕သစ္ သမၼတ ဆာဂ်ီယို-မက္သာရယ္လာဟာ စက္တင္ဘာ ၅ ရက္က က်မ္းသစၥာ ဆိုခဲ့ပါတယ္။ အခုဖြဲ႕လိုက္တဲ့ အီတလီအစိုးရသစ္ဟာ အီးယူနဲ႔ ဆက္ဆံေရး ေကာင္းမြန္ၿပီး လူဝင္မႈအေပၚ သေဘာထား ေပ်ာ့ေပ်ာင္းမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဖိုက္စတား လႈပ္ရွားမႈပါတီနဲ႔ ဗဟိုလက္ဝဲ ဒီမိုကရက္တစ္ပါတီ (PD) တို႔က ဝန္ႀကီးေတြနဲ႔ ကနဦး ေ႐ြးထုတ္ဖြဲ႕စည္းထားတဲ့ အစိုးရအဖြဲ႕ကို ဝန္ႀကီးခ်ဳပ္ ဂ်ဴဆပ္ပစ္ကြန္ေတက ဦးေဆာင္သြားမွာပါ။ ၫြန႔္ေပါင္းအစိုးရအဖြဲ႕ကေန မာသဲယို ဆယ္ဗန္နီရဲ႕ လိဂ္ပါတီႏုတ္ထြက္ခဲ့ၿပီးေနာက္ ကြန္ေတ ဦးေဆာင္တဲ့ ၿပီးခဲ့တဲ့ အစိုးရအဖြဲ႕ဟာ ၿပိဳကြဲခဲ့ပါတယ္။ လိဂ္ပါတီေခါင္းေဆာင္ ဆယ္ဗန္နီရဲ႕ အစီအစဥ္က ကိုယ့္ကိုယ္ကိုယ္ ျပန္ထိခဲ့ၿပီး အရင္ ရန္သူေဟာင္း ပါတီႏွစ္ခုကို မဟာမိတ္ျဖစ္ေစခဲ့တာပါ။ အဲဒီမဟာမိတ္သစ္ဟာ သူ႔ရဲ႕ေ႐ႊ႕ေျပာင္းလာသူေတြ ႏွိပ္ကြပ္မႈအေပၚ ၿဖိဳခြင္းမယ္လို႔ ေမွ်ာ္လင့္ရၿပီး အီးယူနဲ႔ ဆက္ဆံေရး ဆိုး႐ြားမႈကို ျပဳျပင္ဖြယ္ရွိပါတယ္။ အခုအခါမွာေတာ့ ဆယ္ဗန္နီဟာ အတိုက္အခံအျဖစ္ ရပ္တည္ပီုး အီတလီအစိုးရအဖြဲ႕သစ္ကို “အာဏာစြန႔္ရမွာ ေၾကာက္စိတ္နဲ႔ ေမြးဖြားလာတဲ့ ျပင္သစ္နဲ႔ ဘာလင္ထြက္ အစိုးရ” ဆိုၿပီး ကင္ပြန္းတပ္ခဲ့ပါတယ္။
2 years Ago
Up