အီတလီနိုင်ငံ ကာတာလိုနီးယားပြည်နယ်ထဲက စီစီလီယံမြို့မှာ ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးအတွင်း သံသယရှိသူ ၁၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဖမ်းဆီး လိုက်ပါတယ်။
မာဖီးယားအဖွဲ့တွေဟာ မူးယစ်ဆေးဝါး လုပ်ငန်းနဲ့ တခြား ဒုစရိုက်လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။ မာဖီးယား ဂိုဏ်းခေါင်းဆောင် လောက်ဒါနီ Laudani မိသားစုကို အီတလီအပိုင်း စီစီလီယံကျွန်းနဲ့ ပြည်ပမှာပါ နှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။
မာဖီးယားဂိုဏ်းဝင် အမျိုးသားတွေ အဖမ်းခံရပြီး ထောင်ထဲရောက်နေစဉ်မှာ အပြင်ကနေ ငွေကြေး ထောက်ပံ့ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေလည်း အခု အဖမ်းခံရသူတွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေး လုပ်ငန်းတွေ ပြီးဆုံးတဲ့အခါမှ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်သွား မယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
5 years Ago