အီတလီ တိုက်စစ်မှူး

October 28, 2019

အကျင့်ဆိုးတွေကို မပြင်နိုင်သေးသည့် အီတလီ တိုက်စစ်မှူး ဘာလော့တယ်လီ

ဘောလုံးလူဆိုးလို့ အများက လက်ခံထားတဲ့ အီတလီတိုက်စစ်မှူး မာရီယိုဘာလော့တယ်လီကတော့ လက်ရှိအချိန်ထိ သူ့ရဲ့ အကျင့်ဆိုးတွေကို မပြုပြင်နိုင်သေးဘူး ဆိုတာကို ဂျီနိုအာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ထပ်မံပြသလိုက်ပြန်ပါတယ်။ ဘရက်ရှား တိုက်စစ်မှူး ဘာလော့တယ်လီဟာ ဂျီနိုအာအသင်းဘက်ကို ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်ဖို့ အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ လူစားလဲခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဒေါသတကြီးနဲ့ ကွင်းဘေးနားမှာ ထောင်ထားတဲ့ ကင်မရာတည့်တည့်ကို ဘောလုံးနဲ့ ကန်ခဲ့တာကြောင့် ကင်မရာလက်ကိုင်နဲ့ ဘက်ထရီအပိုတပ်တဲ့ အပိုင်းမှာ ကွဲအက်သွားခဲ့ပါတယ်။  အဖြစ်အပျက်ကို မြင်တွေ့ခဲ့တဲ့ ဘောကောက်ကလေးရဲ့ ရှင်းပြမှုကို ပြန်လည်သိခဲ့ရတဲ့ ဓာတ်ပုံဆရာဟာ အင်စတာဂရမ်မှာ တင်ခဲ့သလို ပျက်စီးခဲ့တာနဲ့ ပတ်သက်လို့ ဘရက်ရှားအသင်းကို လျော်ကြေးပေးဖို့ တောင်းဆိုထားပါတယ်။ ဘာလော့တယ်လီဟာ ဘရက်ရှားအသင်းအတွက် ၄ ပွဲ ကစားပေးထားပြီး ၁ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် ပရိသတ်တွေက သဘောမကျဖြစ်နေတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။
2 years Ago
Up