အီတလီ စီးရီးအေ ဂျူဗင်တပ် ၄- ၀ (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

April 18, 2016

အီတလီ စီးရီးအေ ဂျူဗင်တပ် ၄- ၀ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၁၇ ရက်ညက ယှဉ်ပြိုင်သွားတဲ့ အီတလီ စီးရီးအေပွဲစဉ်မှာတော့ ဂျူဗင်တပ်အသင်းက ပါလာမိုအသင်းကို အိမ်ကွင်းမှာ ၄ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။ ဇယားထိပ်ဆုံးက ဂျူဗင်တပ်နဲ့ တန်းဆင်းဇုန်ထဲ ရုန်းကန်နေရတဲ့ ပါလာမိုအသင်းတို့ ယှဉ်ပြိုင်တဲ့ပွဲဖြစ်တာကြောင့် ပွဲက တဖက်သတ်ဖြစ်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ၁၀၊ ၇၁၊ ၇၄ နဲ့ ၈၉ မိနစ်တွေမှာ ခိုက်ဒိုင်ယာ၊ ပေါ့ဘာ၊ ကွာရာဒိုနဲ့ ပါဒိုအင်တို့က အသီးသီးသွင်းယူခဲ့ကြတာဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် ဂျူဗင်တပ်အသင်းက အီတလီစီးရီးအေ အမှတ်ပေးဇယားမှာ ၃၃ ပွဲကစား ရမှတ် ၇၉ မှတ်နဲ့ ဆက်လက်ဦးဆောင်နေပြီး ပါလာမိုအသင်းကတော့ ၃၃ ပွဲကစား ရမှတ် ၂၈ မှတ်နဲ့ တန်းဆင်းဇုန်ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up