အီတလီ၊ ရိုမေးနီးယားတို့နှင့် ခြေစမ်းပွဲတွင် စပိန်အသင်း ကော်စတာကို ချန်လှပ်

A d v e r t i s e m e n t With Us

March 20, 2016

အီတလီ၊ ရိုမေးနီးယားတို့နှင့် ခြေစမ်းပွဲတွင် စပိန်အသင်း ကော်စတာကို ချန်လှပ်

စပိန်အသင်းဟာ အီတလီ၊ ရိုမေးနီးယားတို့နဲ့ ကစားမယ့် လက်ရွေးစင်အသင်း လူစာရင်းမှာ ချဲလ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာကို ချန်ထားလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကော်စတာဟာ ပြီးခဲ့တဲ့ တပတ်က အဲဗာတန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာ တဖက်ကစားသမားနဲ့ ပြဿ  နာဖြစ်ပြီး အထုတ်ခံခဲ့ရပါတယ်။ ချဲလ်ဆီး နည်းပြ ဟစ်ဒစ်ကတော့ ကော်စတာမှာ ကြွက်သား ဒဏ်ရာရသွားတယ်လို့ ပြောဆိုထားပါတယ်။ စပိန်အသင်းဟာ လာမယ့် ၂၄ ရက်နေ့မှာ အီတလီနဲ့ အဝေးကွင်းမှာ ခြေစမ်းမှာ ဖြစ်ပြီး နောက် ၃ ရက်အကြာမှာတော့ ရိုမေးနီးယားနဲ့ ဆက်လက် ခြေစမ်းမှာ ဖြစ်ပါတယ်။ စပိန်နည်းပြက ကော်စတာရဲ့ နေရာမှာ အသက် ၃၅ နှစ်အရွယ် ဘီဘာအို တိုက်စစ်မှူး အက်ရူ့စ်ကို အစားထိုးမှာ ဖြစ်ပါတယ်။ ဘီဘာအို တိုက်စစ်မှူးဟာ ဒီနှစ် လာလီဂါမှာ ၂၈ ပွဲ ကစားရာမှာ ၁၇ ဂိုး သွင်းထားပါတယ်။
5 years Ago
Up