ဂျပန်နိုင်ငံ နာဂါဆာကီမြို့ဆိပ်ကမ်းမှာ ပြင်ဆင်ဖို့ ကမ်းကပ်ထားတဲ့ အီတလီ အပျော်စီး သင်္ဘောမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ သင်္ဘောသားဦးရေ ၄၈ ဦးအထိ ရှိလာတယ်လို့ ရိုက်တာသတင်းက ဧပြီ ၂၃ ရက်မှာ ဖေါ်ပြပါတယ်။
ဒီနေ့ သင်္ဘောသားဦးရေ ၁၄ ဦး ထပ်တိုးအတည်ပြု လူနာဖြစ်လာပြီး အကုန်လုံးဟာ စားဖိုမှူး ဒါမှမဟုတ် အကျွေးအမွေးပိုင်းမှာ တာဝန်ယူနေတဲ့ သင်္ဘော ဝန်ထမ်းတွေချည်းဖြစ်တယ်လို့လည်း နာဂါဆာကီစီရင်စု တာဝန်ရှိသူ တဦးက ပြောပါတယ်။
The Costa Atlantica အပျော်စီးသင်္ဘောမှာ သင်္ဘောသားတွေကူးစက်ခံရမှုဟာ လွန်ခဲ့တဲ့နှစ်လက ယိုကိုဟားမားမြို့မှာ Diamond Princess အပျော်စီးသင်္ဘောပေါ်က သင်္ဘောသားနဲ့ ခရီးသည်တွေ ၇၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဖြစ်စဉ်ပြီးတဲ့နောက် ဒုတိယ ဖြစ်စဉ်ပါ။
The Costa Atlantica သင်္ဘောဟာ နာဂါဆာကီဆိပ်ကမ်းမှာ ပြင်ဆင်ဖို့ဖေဖေါ်ဝါရီလကုန်က ဆွဲလာခဲ့တာပါ။
ဒါပေမဲ့ မူလက တရုတ်မှာ ပြင်ဆင်ဖို့ စီစဉ်ထားခဲ့တာ ကပ်ဘေးကြောင့် ဂျပန်ကို ရောက်လာ တာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။
10 months Ago