အီတလီဝန်ကြီးချုပ်

December 17, 2021

အီတလီဝန်ကြီးချုပ်၏ ဘတ်ဂျက်အစီအစဉ် အလုပ်သမားများ ကန့်ကွက်ဆန္ဒပြ

အီတလီနိုင်ငံရဲ့ ကြီးမားတဲ့ ကုန်သွယ်‌ရေးသမဂ္ဂနှစ်ခုဖြစ်တဲ့ (CGIL နဲ့ UIL) တို့က အစိုးရရဲ့ စီးပွားရေးနဲ့ ဘတ်ဂျက်မူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး လုပ်အားခနိမ့်လုပ်သားတွေကို ပိုအကူညီပေးဖို့ မနေ့က တောင်းဆိုပါတယ်။ 

အဲဒီသပိတ်က ဝန်ကြီးချုပ် ‘မာရီယို ဒရက်ဂီ’ ရဲ့ ညွန့်ပေါင်းအစိုးရကို တိုက်ရိုက်စိန်ခေါ်မှုဖြစ်ပေမဲ့ အီတလီရဲ့ ဒုတိယအကြီးဆုံးသမဂ္ဂက အခု အလုပ်သမားသပိတ်မှာ မပါဝင်ခဲ့တာက ဝန်ကြီးချုပ်ကို စိတ်သက်သာရ ရစေပါတယ်။

ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ အနီနဲ့အပြာ သမဂ္ဂအလံတွေ ဝှေ့ယမ်းချီတက်ခဲ့ပြီး စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ လုပ်အားခနည်းသူတွေ အခက်အခဲရင်ဆိုင်နေရတာတွေ ကို လျစ်လျူရှုနေတယ်လို့ အစိုးရကို စွပ်စွဲကြပါတယ်။

ဆန္ဒပြသူတဦးဖြစ်တဲ့ ဆီမွန်နက်တာ အက်စ်ကာလီ က “ ကျမတို့ ဒီကိုရောက်နေတာဟာ တိုင်းပြည် ပြဿနာတွေကို ဒီမိုကရေစီချည်းကပ်နည်းနဲ့ အမှန်တကယ်ဖြေရှင်းဖို့လိုအပ်တယ်လို့ ယုံကြည်လို့ပါ။ ကမ္ဘာ့ကပ်ဘေးကြောင့် ပြီးခဲ့တဲ့နှစ်နှစ် ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေရဲ့ အသံကို အစိုးရ ကြားစေချင်လို့ ပါဝင်လာရတာပါ” လို့ ပြောပါတယ်။

ဆန္ဒပြမှုကြောင့် ရောမမြို့တွင်း ပြေးဆွဲနေတဲ့ မက်ထရိုရထားခရီးစဉ်တွေ ရပ်နားခဲ့ရပါတယ်။

ဆန္ဒပြသူတဦးဖြစ်တဲ့ စတက်ဖန်နို ရာဘဲလီက “ ဝန်ကြီးချုပ်ရဲ့ ဘတ်ဂျက်အစီအစဉ်ကြောင့် အလုပ်သမားနဲ့ ပင်စင်စား ၈၅ ရာခိုင်နှုန်း ဒုက္ခ‌ရောက်ရတယ်။ ပင်စင်ဥပဒေ အပြောင်းအလဲလုပ်ဖို့ လိုနေပြီ။ အသက် ၆၇/ ၆၈ နှစ်ကျမှ အငြိမ်းစားယူခိုင်းတာ မတရားဘူး၊ ဥပဒေမပြောင်းရင် ကျနော်တို့ မျိုးဆက်အလှည့်ကျ အသက် ၇၁ နှစ်မှ ပယ်စင်ရမယ်”  လို့ ပြောပါတယ်။

ပင်စင်စား ဖရန်ကို ဖာရဲယာကလည်း “ကျနော်တို့  အခွန်အများကြီး ပေးနေရတယ်။ အများကြီး အဖြတ်ခံနေရတယ်။ ကျနော်တို့ ပင်စင်ငွေ ပိုလိုချင်တယ်” လို့ ပြောပါတယ်။

CGIL နဲ့ UIL သမဂ္ဂနှစ်ခုမှာ အဖွဲ့ဝင် ၇ သန်းကျော် ရှိပါတယ်။  ဝေဖန်သူတွေကတော့ အဲဒီအဖွဲ့ဝင်အများစုဟာ လက်ရှိလုပ်ငန်းထဲက အလုပ်သမားတွေမဟုတ်ဘဲ ပင်စင်စားသက်သက်တွေလို့ ထောက်ပြပါတယ်။ 

12 months Ago

August 21, 2019

ရာထူးကနုတ်ထွက်မည်ဟု အီတလီဝန်ကြီးချုပ် ကြေညာ

အီတလီ အာဏာရလိဂ်ပါတီက ညွန့်ပေါင်းအစိုးရအပေါ် အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းဖို့ ဆုံးဖြတ်လိုက်ပြီးနောက် ဝန်ကြီးချုပ် ဂျူဆပ်ပစ် ကွန်တေက ရာထူးကနေ နုတ်ထွက်မယ်လို့ သြဂုတ် ၂၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ နိုင်ငံရေး မငြိမ်သက်မှုနဲ့ ပတ်သက်လို့ ပါလီမန်မိန့်ခွန်းပြောရာမှာ ဝန်ကြီးချုပ် ကွန်တေက သူ့ရဲ့ ရာထူးနုတ်ထွက်စာကို သမ္မတ ဆာဂျီယို မာသာရယ်လာထံ ပေးအပ်သွားမယ်လို့ ပြောခဲ့တာပါ။ အီတလီသမ္မတက ညွန့်ပေါင်းအစိုးရသစ်ဖွဲ့ဖို့ ရွေးကောက်ပွဲ စောကျင်းပသွားမလား ဆိုတာကို ဆုံးဖြတ်သွားမှာပါ။ ပါလီမန်မိန့်ခွန်းမှာ ဝန်ကြီးချုပ် ကွန်တေက ဒုဝန်ကြီးချုပ် ဆယ်ဗန်နီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။ ကွန်တေက ဆယ်ဗန်နီဟာ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး အသာစီးရလိုမှုနဲ့ ညွန့်ပေါင်းအစိုးရကို စုန်းစုန်းမြုပ်အောင် လုပ်နေပြီး စီးပွားရေးကို ထိခိုက်စေတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။ ဆယ်ဗန်နီရဲ့ အီတလီလက်ယာစွန်း လိဂ်ပါတီက ညွန့်ပေါင်းအစိုးရအပေါ် အယုံအကြည်မရှိအဆို တင်သွင်းခဲ့ပြီး ရွေးကောက်ပွဲ စောကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။
Zawgyi Version ရာထူးကႏုတ္ထြက္မည္ဟု အီတလီဝန္ႀကီးခ်ဳပ္ ေၾကညာ DVB အီတလီ အာဏာရလိဂ္ပါတီက ၫြန္႔ေပါငး္အစိုးရအေပၚ အယံုအၾကည္မရွိေၾကာငး္ အဆိုတင္သြင္းဖို႔ ဆံုးျဖတ္လိုက္ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ဂ်ဴဆပ္ပစ္ ကြန္ေတက ရာထူးကေန ႏုတ္ထြက္မယ္လို႔ ၾသဂုတ္ ၂၀ ရက္ေန႔မွာ ေၾကညာလိုက္ပါတယ္။ ႏိုင္ငံေရး မၿငိမ္သက္မႈနဲ႔ ပတ္သက္လို႔ ပါလီမန္မိန္႔ခြန္းေျပာရာမွာ ဝန္ႀကီးခ်ဳပ္ ကြန္ေတက သူ႔ရဲ႕ ရာထူးႏုတ္ထြက္စာကို သမၼတ ဆာဂ်ီယို မာသာရယ္လာထံ ေပးအပ္သြားမယ္လို႔ ေျပာခဲ့တာပါ။ အီတလီသမၼတက ၫြန္႔ေပါင္းအစိုးရသစ္ဖြဲ႔ဖို႔ ေရြးေကာက္ပြဲ ေစာက်ငး္ပသြားမလား ဆိုတာကို ဆံုးျဖတ္သြားမွာပါ။ ပါလီမန္မိန္႔ခြန္းမွာ ဝန္ႀကီးခ်ဳပ္ ကြန္ေတက ဒုဝန္ႀကီးခ်ဳပ္ ဆယ္ဗန္နီကို ျပင္းျပင္းထန္ထန္ တိုက္ခိုက္ခဲ့ပါတယ္။ ကြန္ေတက ဆယ္ဗန္နီဟာ ပုဂၢိဳလ္ေရးနဲ႔ ႏိုင္ငံေရး အသာစီးရလိုမႈနဲ႔ ၫြန္႔ေပါငး္အစိုးရကို စုန္းစုန္းျမဳပ္ေအာင္ လုပ္ေနၿပီး စီးပြားေရးကို ထိခိုက္ေစတယ္လို႔ စြပ္စြဲ ေျပာၾကားခ့ဲ့ပါတယ္။ ဆယ္ဗန္နီရဲ႕ အီတလီလက္ယာစြန္း လိဂ္ပါတီက ၫြန္႔ေပါငး္အစိုးရအေပၚ အယံုအၾကည္မရွိအဆို တင္သြင္းခဲ့ၿပီး ေရြးေကာက္ပြဲ ေစာက်င္းပဖို႔ ေတာင္းဆိုခဲ့ပါတယ္။
3 years Ago
Up