စီးရီးအေပြိုင်ပွဲကို ပြန်လည်မကျင်းပတာက ပိုကောင်းမယ်လို့ အီတလီနည်းပြမန်စီနီက ပြောပါတယ်။
အီတလီစီးရီးအေပြိုင်ပွဲကို လာမယ့်ဇွန်လမှာပြန်လည်စတင်နိုင်ဖို့ ရည်ရွယ်ထားပေမဲ့ လက်ရှိ အချိန်အထိ လေ့ကျင့်ခန်း မဆင်းနိုင်သေးတာကြောင့် ပြန်လည်ကျင်းပဖို့ ဝေဝါးနေဆဲဖြစ်ပါတယ်။
အီတလီလက်ရွေးစင်နည်းပြဖြစ်သူ မန်စီနီကတော့ စီးရီးအေပြိုင်ပွဲကို ပြန်လည်ကျင်းပခြင်းမပြုတာက လက်ရွေးစင်အသင်းအတွက် ပိုမိုကောင်း မွန်တယ်လို့ တိုက်တွန်းသွားခဲ့တာပါ။
အီတလီလက်ရွေးစင်အသင်းဟာ လာမယ့်စက်တင်ဘာလအတွင်းမှာ နေးရှင်းလိဂ်ပွဲစဉ်တွေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ စတင်ကစားဖို့ရှိပြီး လိဂ်ပြိုင်ပွဲကို အမြန်ဆုံး ပြန်လည်ကျင်းပလိုက်မယ်ဆိုရင် လက်ရွေးစင်ကစားသမားတွေ ဒဏ်ရာပြဿနာရှိမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။
စီးရီးအေပွဲစဉ်ကိုပြန်လည်စတင်မယ်ဆိုရင်လည်း အမြန်ဆုံးစတင်နိုင်ဖို့လိုပြီး နောက်ကျသွားမယ်ဆိုရင်တော့ အီတလီလက်ရွေးစင်အသင်းအတွက် ထိခိုက်မှာကို နည်းပြမန်စီနီက စိုးရိမ်နေတာပါ။
10 months Ago