အီတလီဘောလုံးလက်ရွေးစင်အသင်းနည်းပြ မန်စီနီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း အီတလီဘောလုံးအဖွဲ့ချုပ်က အတည်ပြုထားပါတယ်။
လောလောဆယ်မှာ အီတလီလက်ရွေးစင်နည်းပြဟာ ရောမမြို့က နေအိမ်မှာ သီးသန့်ခွဲခြား ပြီး တယောက်တည်း နေထိုင်နေတယ်လို့ ဆိုထားပါတယ်။
အီတလီအသင်းဟာ လာမယ့်သီတင်းနှစ်ပတ်အတွင်းမှာ အက်စတိုးနီးယား၊ ပိုလန်၊ ဘော့စနီးယားတို့နဲ့ နေရှင်းလိဂ်ပွဲစဉ်တွေ ကစားရဖို့ ရှိပါတယ်။
နည်းပြ မန်စီနီဟာ မန်ချက်စတာစီးတီး၊ အင်တာမီလန်အသင်းတွေနဲ့အတူ အမှတ်ပေး ချန်ပီယံဆုတွေ ရယူထားပါတယ်။
2 years Ago