အသင်းလက်မဲ့ ဖြစ်နေရတဲ့ တိုက်စစ်မှူး ဘာလော့တယ်လီရဲ့ အခြေအနေကို မြင်ရတာက ဝမ်းနည်းစရာကောင်းတယ်လို့ အီတလီနည်းပြ မန်ချီနီက ပြောပါတယ်။
ဘာလော့တယ်လီဟာ မနှစ်က ဘရက်စီယာအသင်းမှာ ကစားခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတာပါ။
မန်စီးတီးနဲ့ အင်တာမီလန်အသင်းတွေမှာ နည်းပြ မန်ချီနီနဲ့ လက်တွဲခဲ့ဖူးတဲ့ ဘာလော့တယ်လီဟာ အီတလီလက်ရွေးစင်မှာရွေးချယ်ခံခဲ့ရပေမယ့် လက်ရှိအချိန်မှာ ကလပ်အသင်းသစ်ရှာမတွေ့ဘဲ ဖြစ်နေတာပါ။
“ဘာလော့တယ်လီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အလွန်ဝမ်းနည်းမိကြောင်းနဲ့ အသက် ၃၀ အရွယ်ရှိလာတဲ့ သူဟာ နည်းစနစ်ပိုင်းရော အတွေ့အကြုံပိုင်းမှာ အကောင်းဆုံးအချိန်ဖြစ်နေရမှာဖြစ်ပြီး အဲဒီလိုသာဖြစ်ခဲ့ရင် အီတလီအသင်းအတွက်လည်း အားကိုးရမှာဖြစ်တယ်” လို့ မန်ချီနီက ပြောပါတယ်။
ဘာလော့တယ်လီဟာ မနှစ်က ဘရက်စီယာအတွက် ၁၆ ပွဲ ကစားခဲ့ပြီး ၅ ဂိုးသွင်းယူခဲ့ပေမဲ့ အသင်းက တန်းဆင်းသွားခဲ့ရပြီး စာချုပ်သက်တမ်းလည်း ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။
3 months Ago