အီတလီရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၅ ရက် အာရုဏ်မတက်ခင် စီးနင်းမှုတွေအတွင်း လူပေါင်း ၉၄ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။
ယူရိုငွေ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ဥရောပ သမဂ္ဂ စိုက်ပျိုးရေး ရံပုံငွေတွေကို လိမ်ယူတဲ့ မာဖီးယားဂိုဏ်းရဲ့ ရိုက်စားလုပ်ရပ်ကို စုံစမ်းစစ်ဆေးမှုရဲ့ အစိတ်အပိုင်းတခုဖြစ် ဖမ်းဆီးတာ ဖြစ်ပါတယ်။
၂၀၁၀ ကနေ ၂၀၁၇ ကြားကာလမှာ စစ္စလီကျွန်း အရှေ့ပိုင်းက မာဖီးယားဂိုဏ်း နှစ်ဂိုဏ်းက သူတို့ မပိုင်တဲ့ မြေပေါ်မှာ စိုက်ပျိုးဖို့ ဥရောပ သမဂ္ဂ လယ်ယာအမတော်ကြေးတွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်းနဲ့ ညီမျှတဲ့ ယူရိုငွေ ၅ ဒသမ ၅ သန်းထက် မနည်းကို ရယူခဲ့တယ်လို့ ယုံကြည်တဲ့ အကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။
ဖမ်းမိတဲ့ လူတွေထဲမှာ စာရင်းကိုင်တယောက်၊ ဒေသန္တရ မြို့တော်ဝန်တယောက်နဲ့ ဥရောပ သမဂ္ဂ အကူအညီ လျှောက်ထားနိုင်ရေး လယ်သမားတွေကို ကူညီခဲ့တဲ့ ပြည်သူ့အရာရှိတချို့ အပါအဝင် မိသားစု ၂စုရဲ့ အကြီးအကဲတွေ ပါပါတယ်။
စုံစမ်းစစ်ဆေးမှုအတွင်း ကုမ္ပဏီပေါင်း ၁၅၀လောက်လည်း အစိုးရရဲ့ သိမ်းတာ ခံခဲ့ရပါတယ်။
1 year Ago