အီတလီမြောက်ပိုင်း

A d v e r t i s e m e n t With Us

August 20, 2020

အီတလီမြောက်ပိုင်းတွင် ရထားလမ်းချော်၍ ၃ ဦး ဒဏ်ရာရ

အီတလီနိုင်ငံမြောက်ပိုင်း လွန်မ်ဘာဒီဒေသမှာ ရထားတစီး သြဂုတ် ၁၉ ရက်က လမ်း ချော်ခဲ့တာကြောင့် လူ ၃ ယောက် ဒဏ်ရာရတယ်လို့ ရထားကုမ္ပဏီ ထရေနော့ဒ်က ပြောပါတယ်။  ရထားပေါ်ပါတဲ့ ခရီးသည် တယောက်ကို ရှေးဦးသူနာပြုစုနည်းနဲ့ ကုသပေးခဲ့ပြီး ကြိုတင် သတိထားတဲ့အနေနဲ့ ဆေးရုံတင်ပေးခဲ့တယ်လို့ ထရေနော့ဒ်က ကြေညာချက်ထဲမှာ ပြောပါတယ်။  ရထားမောင်းသူနဲ့ လက်မှတ်စစ်တို့လည်း ဒဏ်ရာနည်းနည်းစီ ရကြပါတယ်။  မီလန်မြို့နဲ့ကိုမိုရေကန်ကို ချိတ်ဆက်ထားတဲ့ ဒီရထားလိုင်းဟာ အီတလီနိုင်ငံ အရှေ့ မြောက်ပိုင်းက ချမ်းသာပြီး စက်မှုထွန်းကားတဲ့ ဘဏ္ဍာရေးမြို့တော် ဘရိုင်ယန်ဇာကို ဖြတ်သန်း ထားပါတယ်။  ကာနိတ်မြို့ငယ်လေးနားက ဘူတာနားမှာ ရထားတွဲ ၃ တွဲ လမ်းချော်ခဲ့တာလို့ ကြေညာ ချက်က ဆိုပါတယ်။ လမ်းချော်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ။ 
6 months Ago

April 1, 2020

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အီတလီမြောက်ပိုင်းကို ရုရှားစစ်တပ် ပိုးသတ်ဆေးဖျန်းပေး

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ရေးအတွက် အီတလီနိုင်ငံ မြောက်ပိုင်းက ကလူဆိုနေ၊ ချေနေနဲ့ ဗာတိုဗာ မြို့တွေကို ရုရှားစစ်တပ်က ပိုးသတ်ဆေး ဖျန်းပေးနေပါတယ်။ ရုရှားကူးစက်ရောဂါ တိုက်ဖျက်ရေး အရာရှိတွေဟာ အီတလီ အရာရှိတွေနဲ့အတူ စောင့်ရှောက်ရေး ဂေဟာ မျက်နှာပြင် ၁၈၀၀၀ စတုရန်းမီတာကို ပိုးသတ်ပေးခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၃၁ ရက်က ဖြန့်ချိခဲ့ပါတယ်။ ရုရှားစစ်တပ်ဟာ လွန်ဘာဒီယာ ဒေသအတွင်း ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ ၁၁ ခုမှာ ပိုးသတ်ပေးခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။  ရုရှစစ်တပ်ဟာ အီတလီကို ဆေးဘက် အကူအညီတွေ ပါတဲ့ သင်္ဘောတွေကို အရင်အပတ်က စပြီး တင်ပို့ပေးခဲ့တာပါ။ ရုရှအစိုးရက ရုရှား ချစ်ခြင်းမေတ္တာအားဖြင့်လို့ နာမည်ပေးထားတဲ့ ချစ်ကြည်ရေး လုပ်ငန်းစဉ်ကို စဖို့ သမ္မတ ဗလာဒီမီယာ ပူတင်ဆီက အမိန့်ကို ရအပြီး မှာ ဒီလုပ်ငန်းကို စတင်ခဲ့တာ ဖြစ်ပါတယ်.
11 months Ago
Up