အီတလီမြောက်ပိုင်

February 24, 2020

အီတလီမြောက်ပိုင်းရှိ ရွာ တရွာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုဆိုးလာ

အီတလီနိုင်ငံမြောက်ပိုင်း အဝင်အထွက် ပိတ်ထားတဲ့ ရွာအများအပြားထဲက တရွာမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှု အဆိုးဆုံး ခံနေရပြီး ကူးစက်မှုကလည်း ဆက်ပြီး တိုးလာနေပါတယ်။ ဒါကြောင့် တပ်ထိန်းတွေက ဗိုင်းရပ်စ်ကာကွယ်ရေး မျက်နှာဖုံးတွေ ဝတ်ဆင်ပြီး ကတ်စ်တီဂလီယိုနေဒတ်ဒါမြို့ငယ်လေးကို ဖေဖော်ဝါရီ ၂၃ရက်က စောင့်ကြပ်နေပါတယ်။  လူဦးရေ ငါးသောင်းလောက်နေတဲ့ မြို့နယ်တဒါဇင်နီးပါးလောက်ကို ရောဂါခြေချုပ်အဖြစ် သတ်မှတ်ထားပြီး လူအဝင်အထွက်ကို ထိထိရောက်ရောက် တင်းကြပ်ထားတာပါ။  ဒေသခံတွေ အိမ်မှာပဲနေပြီး သတ်မှတ်နေရာဆီ အဝင်အထွက်လုပ်ဖို့ အထူးခွင့်ပြုချက် ရှိထားဖို့ လိုပါတယ်။  အီတလီမြောက်ပိုင်းမှာ ကူးစက်မှု စတင်တဲ့ ကိုဒေါ့နို မြို့ဆီဦးတည်ထားတဲ့ လမ်းတွေ လုံးဝ လူသူကင်းမဲ့နေပြီး ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ထားလို့ စားနပ်ရိက္ခာ စုဆောင်းရေး အတွက် ကုန်တိုက်တွေရဲ့အပြင်မှာ ဒေသခံတွေက မျက်နှာဖုံး တပ်ဆင်ရင်း တန်းစီစောင့်ဆိုင်းနေရ ပါတယ်။  နိုင်ငံတွင်း ချမ်းသာတဲ့ လွန်မ်ဘာဒီနဲ့ ဗေနေတိုဒေသတွေက အာဏာပိုင်တွေက ကျောင်းတွေ နဲ့ တက္ကသိုလ်တွေကို သီတင်းတပတ် အနည်းဆုံး ပိတ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။ ပြတိုက်တွေ ရုပ်ရှင်ရုံတွေကိုလည်း ပိတ်ထားပြီး ဗင်းနစ်ကာနီဗယ်ပွဲတော်ကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ 
1 year Ago
Up