အီတလီနည်းပြ လစ်ပီ

September 7, 2019

ဖာဂူဆန်ဟာ အစ်ကိုအရင်း တယောက်လိုပဲဟု အီတလီနည်းပြ လစ်ပီ ပြော

မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဖာဂူဆန်ဟာ အစ်ကိုအရင်းတယောက်လိုပဲလို့ အီတလီနည်းပြကြီး လစ်ပီက ပြောကြားလိုက်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ အီတလီအသင်းရဲ့ နည်းပြဟောင်း အသက် ၇၁ နှစ်အရွယ်ရှိ လစ်ပီက ဖာဂူဆန်ဆီက ပညာတွေ လေ့လာခဲ့ရတယ်လို့လည်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ လက်ရှိမှ‌ာတော့ ဆာအဲလက်စ်ဖာဂူဆန်ဟာ အနားယူသွားခဲ့ပြီဖြစ်ပေမယ့် လစ်ပီကတော့ တရုတ်အမျိုးသားလက်ရွေးစင်အသင်းကို ကိုင်တွယ်နေဆဲ ဖြစ်ပါတယ်။ လစ်ပီနဲ့ ဖာဂူဆန်တို့ဟာ အီတလီနဲ့ အင်္ဂလန်တို့ထိ အပြန်အလှန် လည်ပတ်တတ်ကြသလို လက်ဆောင်ပစ္စည်းတွေ အပြန်အလှန်ပေးတဲ့အထိ ရင်းနှီးသူတွေ ဖြစ်ကြပါတယ်။ လစ်ပီက ဂျူဗင်တပ်စ်အသင်းကို သူ နည်းပြစဉ်မှာ ယူနိုက်တက်အသင်းခေါင်းဆောင် ရွိုင်းကိန်းကို အလွန်သဘောကျပေမယ့် ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ထပ်တဦးကတော့ ပေါစခိုးဖြစ်ပြီး အရမ်းသဘောကျခဲ့ကြောင်း၊ ဆိုးလ်ရှားကတော့ ကစားသမားကောင်း ဖြစ်ပြီး နည်းပြဘဝမှာ အောင်မြင်နိုင်မယ်လို့ လစ်ပီက ဆိုပါတယ်။ ပရီးမီးယားလိဂ်ကလပ် စပါးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ဂျူဗင်တပ်စ်ဟာ လစ်ပီအတွက် ဖာဂူဆန်နဲ့ ယူနိုက်တက်လို ဖြစ်နေတာကြောင့် မပြောင်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဖာဂူဆန္ဟာ အစ္ကိုအရင္း တေယာက္လိုပဲဟု အီတလီနည္းျပ လစ္ပီ ေျပာ မန္ခ်က္စတာယူႏိုက္တက္ နည္းျပေဟာင္း ဖာဂူဆန္ဟာ အစ္ကိုအရင္းတေယာက္လိုပဲလို႔ အီတလီနည္းျပႀကီး လစ္ပီက ေျပာၾကားလိုက္ပါတယ္။ ဂ်ဴဗင္တပ္စ္နဲ႔ အီတလီအသင္းရဲ႕ နည္းျပေဟာင္း အသက္ ၇၁ ႏွစ္အ႐ြယ္ရွိ လစ္ပီက ဖာဂူဆန္ဆီက ပညာေတြ ေလ့လာခဲ့ရတယ္လို႔လည္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ဆာအဲလက္စ္ဖာဂူဆန္ဟာ အနားယူသြားခဲ့ၿပီျဖစ္ေပမယ့္ လစ္ပီကေတာ့ တ႐ုတ္အမ်ိဳးသားလက္ေ႐ြးစင္အသင္းကို ကိုင္တြယ္ေနဆဲ ျဖစ္ပါတယ္။ လစ္ပီနဲ႔ ဖာဂူဆန္တို႔ဟာ အီတလီနဲ႔ အဂၤလန္တို႔ထိ အျပန္အလွန္ လည္ပတ္တတ္ၾကသလို လက္ေဆာင္ပစၥည္းေတြ အျပန္အလွန္ေပးတဲ့အထိ ရင္းႏွီးသူေတြ ျဖစ္ၾကပါတယ္။ လစ္ပီက ဂ်ဴဗင္တပ္စ္အသင္းကို သူ နည္းျပစဥ္မွာ ယူႏိုက္တက္အသင္းေခါင္းေဆာင္ ႐ြိဳင္းကိန္းကို အလြန္သေဘာက်ေပမယ့္ ညႇိႏႈိင္းမႈ အဆင္မေျပျဖစ္ခဲ့ဘူးလို႔ ဆိုပါတယ္။ ေနာက္ထပ္တဦးကေတာ့ ေပါစခိုးျဖစ္ၿပီး အရမ္းသေဘာက်ခဲ့ေၾကာင္း၊ ဆိုးလ္ရွားကေတာ့ ကစားသမားေကာင္း ျဖစ္ၿပီး နည္းျပဘဝမွာ ေအာင္ျမင္ႏိုင္မယ္လို႔ လစ္ပီက ဆိုပါတယ္။ ပရီးမီးယားလိဂ္ကလပ္ စပါးကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္စ္ဟာ လစ္ပီအတြက္ ဖာဂူဆန္နဲ႔ ယူႏိုက္တက္လို ျဖစ္ေနတာေၾကာင့္ မေျပာင္းႏိုင္ခဲ့ဘူးလို႔ ဆိုပါတယ္။
2 years Ago
Up