အီတလီတွင် နှင်းတောင်ပြိုကျ၊ ၃ ဦး သေဆုံး (ရုပ်သံ)

March 3, 2017

အီတလီတွင် နှင်းတောင်ပြိုကျ၊ ၃ ဦး သေဆုံး (ရုပ်သံ)

အီတလီနိုင်ငံမြောက်ပိုင်းမှာ မတ်လ၂ ရက်နေ့က နှင်းတောင်ပြိုကျမှုကြောင့် လူ ၃ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ အဲဒီနှင်းတောင်ပြိုကျမှုဟာ ကော်မိုင်ရိုရှ် (Courmayeur) မြို့နားက အပန်းဖြေစခန်းတခုမှာ ဖြစ်ပွားခဲ့တာပါ။ နှင်းလျောစီးသူ အီတလီနိုင်ငံသားတစ်ယောက်၊ ဂျာမဏီနိုင်ငံ သားတစ်ယောက်နဲ့ ဘယ်လ်ဂျီယံနိုင်ငံသားတစ်ယောက်တို့ သေဆုံးခဲ့ကြတယ်လို့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။ သူကဆက်လက်ပြီး ဘာသာစကားမျိုးစုံနဲ့ အော်ဟစ်နေကြတဲ့ လူတွေကြားထဲမှာ စစ်ပွဲထဲ ရောက်နေသလို ဖြစ်နေကြောင်းနဲ့ ပျောက်ဆုံးနေသူတွေ ရှိသေးလားဆိုတာကို မနည်းနားလည်အောင် မေးယူခဲ့ရကြောင်း ပြောခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲက ဘယ်လ်ဂျီယံနီုင်ငံသား နှစ်ယောက်ကို ဆေးရုံမှာစစ်ဆေးပြီး ပြန်လည်ဆင်းသက်ခွင့်ပေးခဲ့ကြောင်း၊ အီတလီနိုင်ငံသား တစ်ယောက်၊ အီတလီနိုင်ငံသူ တစ်ယောက်နဲ့ အခြားအထောက်အထားမရရှိသေးသူ တစ်ဦးကတော့ ဆေးရုံမှာကုသမှု ခံယူနေကြောင်းတို့ကို ရေခဲတောင်အရေးပေါ် ကယ်ဆယ်ရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ကျဉ်းမြောင်းတဲ့ လမ်းကြောင်းတွေအပြင် ကျောက်တုံးတွေပါရှိနေတာကြောင့် ကျွမ်းကျင်သူတွေပဲ ဒီနေရာမှာ နှင်းလျောစီးသင့်တယ်လို့ ရဲအရာရှိတစ်ယောက်ကလည်း ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up