အီတလီတွင် မြစ်တာတမံ ကျွံကျပြီး ကားများ အတွဲလိုက် မြောင်းထဲကျ (ရုပ်သံ)

A d v e r t i s e m e n t With Us

May 26, 2016

အီတလီတွင် မြစ်တာတမံ ကျွံကျပြီး ကားများ အတွဲလိုက် မြောင်းထဲကျ (ရုပ်သံ)

အီတလီနိုင်ငံ၊ ဖလော်ရင့်မြို့လယ်က မြစ်တာတမံဟာ မေလ ၂၅ ရက် မနက်ပိုင်းက ကျွံကျခဲ့တဲ့အတွက် တာရိုးပေါ်ရပ်ထားတဲ့ ကားတွေ အတွဲလိုက် မြောင်းထဲကျသွားကြပါတယ်။ ဖလော်ရင့်မြို့လယ်က နာမည်ကျော် အာနိုမြစ်ကူးတံတားတခုဖြစ်တဲ့ ပွန်းတေ ဗက်ကီယို (Ponte Vecchio) တံတားအနီးမှာ ဖြစ်ပွားခဲ့တာပါ။ အရှည်ပေ ၆၅၀၊ အကျယ် ၂၃ ပေ မြောင်းကြီးဖြစ်သွားပြီး ကားအစီးရေ အနည်းဆုံး ၂၀ မြောင်းထဲ ကျွံကျသွားကြတာပါ။ မြစ်တာတမံအောက်က ရေနုတ်မြောင်း ကျွံကျသွားလို့ဖြစ်မယ်လို့ ဖလောရင့်မြို့ခံ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မြို့တော်ဝန်ကတော့ တစုံတဦးမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘူးလို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ ကားပိုင်ရှင်တွေ ကိုယ့်ကားကို လာရွေးယူကြဖို့ တိုက်တွန်းထားပြီး အခုလို တာရိုးကျွံကျသွားလို့ မြို့လယ်မှာ သုံးရေပြတ်လပ်ခဲ့မှု ဖြစ်ရတဲ့အတွက်လည်း မြို့တော်ဝန်က တောင်းပန်ခဲ့ပါတယ်။
5 years Ago
Up