အီတလီတွင် ပြင်းအားမြင့် ငလျင် ထပ်လှုပ်၊ အဆောက်ဦများ ပျက်စီး

A d v e r t i s e m e n t With Us

October 30, 2016

အီတလီတွင် ပြင်းအားမြင့် ငလျင် ထပ်လှုပ်၊ အဆောက်ဦများ ပျက်စီး

အီတလီအလယ်ပိုင်း နော်စီယာမြို့အနီးအနားမှာ  အောက်တိုဘာလ ၃၀ ရက် မနက်ပိုင်းက ပြင်းအားမြင့် ငလျင်လှုပ်ခတ်ခဲ့လို့ အဆောက်အဦ တော်တော်များများ ပျက်စီးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ လက လူ ၃၀၀ ကို သေစေခဲ့ပြီး အီတလီရဲ့ မြို့တော်တော်များများကို ဖျက်ဆီးခဲ့တဲ့ ငလျင်ကြီးဖြစ်ပြီးနောက် အခုပြင်းအားမြင့် ငလျင် လှုပ်ခတ်ခဲ့တာလို့ ဘီဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီနေ့လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ရစ်ခ်ျစတာစကေး ၆.၆ အဆင့်ရှိပြီး ပြီးခဲ့တဲ့ သြဂုတ်လက လှုပ်ခတ်ခဲ့တဲ့ ငလျင်အတိုင်းအတာနဲ့ ပြီးခဲ့တဲ့အပတ်က လှုပ်ခဲ့တဲ့ ငလျင်အသေးစားလေးတွေထက် ကြီးမားတယ်လို့ ဆိုပါတယ်။ ငလျင်ရဲ့အနက်ကတော့ ၁.၅ ကီလိုမီတာ (၀.၉ မိုင်) ရှိတယ်လို့လည်း သိရပါတယ်။ ဒီငလျင်ကြောင့် လူတွေ ထိခိုက်ဒဏ်ရာ ရတာနဲ့ အသေအပျောက်သတင်းတွေကိုတော့ မသိရသေးပါဘူး ဒါပေမယ့် မြို့တော်ရောမမှာတော့ ငလျင်လှုပ်ခတ်တာကို သိလိုက်ရတယ်လို့ ဆိုပါတယ်။ ငလျင်ရဲ့ ဗဟိုချက်က ပီယူဂီယာအလယ်ပိုင်းဒေသရဲ့ အရှေ့တောင်ဘက် ၆၈ ကီလိုမီတာအကွာနဲ့ အီတလီရဲ့မြို့နော်စီယာအနီးအနားမှာ ဖြစ်ခဲ့တာလို့ အမေရိကန်နိုင်ငံ ဘူမိဗေဒသုတေသနစစ်တမ်းက ပြောထားပါတယ်။ စန်ဘန်နက်ဒက်တို ဘုန်းတော်ကြီးကျောင်းက ဘုန်းတော်ကြီးတွေကလည်း ငလျင်ကြောင့် စိန့်ဘန်နဲဒစ် ခရစ်ယာန်ဘုရားကျောင်း ပျက်စီးတဲ့ ပုံတွေကို တွီတာမှာ တင်ထားတာကို တွေ့ရပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၀ မိနစ်လောက်မှာ ထိတ်လန့်တကြားဖြစ်နေတဲ့ ဒေသခံတွေဟာ လမ်းတွေပေါ်မှာ ကသောကမျော သွားလာနေတာကိုလည်း တွေ့ရပါတယ်။
4 years Ago
Up