အီတလီတွင် ငလျင်လှုပ်၊ လူတဦးသေဆုံးပြီး အဆောက်အဦအချို့ ပြိုကျပျက်စီး

August 22, 2017

အီတလီတွင် ငလျင်လှုပ်၊ လူတဦးသေဆုံးပြီး အဆောက်အဦအချို့ ပြိုကျပျက်စီး

အီတလီနိုင်ငံ နေပယ်ကမ်းလွန်ရှိ အီချီတာမြို့မှာ သြဂုတ် ၂၁ ရက် ည ၉ နာရီဝန်းကျင်က ပြင်းအား ၄ မဂ္ဂနီကျုရှိတဲ့ငလျင် လှုပ်ခတ်ခဲ့လို့ အဆောက်အဦတချို့ ပြိုကျပျက်စီးကာ လူတဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အီတလီမီးသတ်တပ်ဖွဲ့ဟာ ဒီနေ့မနက်က ငလျင်ဒဏ်ကြောင့် ပြိုကျနေတဲ့ အဆောက်အဦ အပြိုအပျက်ကြားကနေ လူတဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကတ်ဆာမီစီယိုလာမြို့မှာ ကယ်တင်နိုင်ခဲ့တာဖြစ်ပြီး အဲဒီမြို့မှာ အနည်းဆုံး  အဆောက်အဦ ၆ လုံးခန့် ပြိုကျခဲ့ပါတယ်။ မျက်မြင်တွေ့ရှိသူတဦး ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာတော့ ဒေသခံတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေဟာ လမ်းပေါ်ကို ပြေးထွက်လာတာ မြင်တွေ့ရပါတယ်။ အမေရိကန် ဘူမိတိုင်းတာရေးဌာနနဲ့ ဥရောပ မြေငလျင်အေဂျင်စီကတော့ မြေငလျင်ဟာ  ပြင်းအား ၄ ဒသမ ၃ မဂ္ဂနီကျုရှိတယ်လို့ ခန့်မှန်းထားပါတယ်။
4 years Ago
Up