အီတလီတွင် ကျူးကျော်နေထိုင်သူများကို မီးသတ်ပိုက်သုံးပြီး ရှင်းလင်းဖယ်ရှား

August 25, 2017

အီတလီတွင် ကျူးကျော်နေထိုင်သူများကို မီးသတ်ပိုက်သုံးပြီး ရှင်းလင်းဖယ်ရှား (ရုပ်သံ)

အီတလီနိုင်ငံ ရောမမြို့တော် ဘူတာကြီးနားက ရုမ်းစကွဲ (Rome Square) နေရာမှာ ကျူးကျော်နေထိုင်နေတဲ့ ဒုက္ခသည်တွေကို သြဂုတ် ၂၄ ရက်မှာ ရဲတပ်ဖွဲ့က မီးသတ်ပိုက်သုံးပြီး ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။ ဒီကျူးကျော်နေထိုင်သူ အများစုဟာ အာဖရိက အရှေ့မြောက်ပိုင်း အယ်ရစ်ထရီးယား (Eritrea) နိုင်ငံကနေ အီတလီကို ခိုလှုံနေထိုင်ကြသူတွေ ဖြစ်ပါတယ်။ ကျူးကျော်နေထိုင်သူ ၁၀၀ လောက်ဟာ အဲဒီနေရာမှာ သြဂုတ် ၁၉ ရက်ကတည်းက ဝင်ရောက်နေထိုင်ကြတာဖြစ်ပြီး ပြောင်းရွှေ့ဖို့အမိန့်ကို မလိုက်နာတဲ့အတွက် ရဲက ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ရုံးတရုံးမှာ ၅ နှစ်ကြာ ကျူးကျော်နေထိုင်ခဲ့တဲ့ ဒုက္ခသည် ၈၀၀ ကို ဖယ်ရှားခဲ့အပြီး  လူ ၁၀၀ ခန့်ဟာ အခုနေရာမှာ ကျူးကျော်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ကို နေစရာစီစဉ်ပေးခဲ့ပေမယ့် လက်မခံဘူးလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up