အီတလီနိုင်ငံမှာ တရုတ်မာဖီးယားအဖွဲ့ဝင်အဖြစ် သံသယရှိသူ ၃၃ ဦးကို ဇန်နဝါရီ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီတရုတ်မာဖီးယားအဖွဲ့ဟာ လောင်းကစားမှု မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ပြည့်တန်ဆာလုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ တရုတ်ကုန်ပစ္စည်းတွေကို ဥရောပတလွှားပို့ဆောင်ရေးလုပ်ငန်းတွေကို ချုပ်ကိုင်ထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
အခုဖမ်းဆီးလိုက်တဲ့ တရုတ်မာဖီးယားအဖွဲ့ဟာ အီတလီနိုင်ငံ တရုတ်တွေပိုင်ဆိုင်တဲ့ အထည်ချုပ်စက်ရုံတွေ အများစုရှိရာ ဖလော်ရန့်စ်မြို့အနီးက ပရာတိုမြို့မှာ အခြေစိုက်တဲ့ အဖွဲ့ဖြစ်ပါတယ်။
အီတလီ ရဲတပ်ဖွဲ့ကခေါင်းဆောင်လို့ သံသယရှိနေသူ ကျန်းနိုင်ကျုံးဆိုသူဟာ ရောမမြို့မှာ နေထိုင်ပြီး ထောင်နဲ့ချီတဲ့ တရုတ်ကုမ္ပဏီတွေက ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ချုပ်ကိုင်ထားသူဖြစ်တယ်လို့ အီတလီရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
3 years Ago