အီတလီစူပါကိုပါဖလား

January 17, 2019

ရော်နယ်ဒို၏သွင်းဂိုးဖြင့် ဂျူဗင်တပ် အီတလီစူပါကိုပါဖလား ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အီတလီ စူပါကိုပါဖလား ဗိုလ်လုပွဲမှာ ဂျူဗင်တပ်က ရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့ အေစီမီလန်ကို အနိုင်ရသွားပါတယ်။ ဂျူဗင်တပ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ရော်နယ်ဒိုက ၆၁ မိနစ်မှာ ခေါင်းတိုက်သွင်းယူတာပါ။ ဒီဂိုးဟာ ရော်နယ်ဒိုအတွက် ဒီရာသီမှာ ၁၆ ဂိုးမြောက် သွင်းယူတဲ့ဂိုးလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အေစီမီလန်က အဓိကတိုက်စစ်မှူး ဟီဂူအင်ကို ပွဲအစကတည်းက ထုတ်မသုံးဘဲ အရန်ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းထားခဲ့ပါတယ်။ ပွဲကစားချိန် ၇၄ မိနစ်လောက်မှာ မီလန်က ကက်ဆီ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားပါတယ်။ ဒီဗိုလ်လုပွဲကို အီတလီနိုင်ငံပြင်ပ ဆော်ဒီနိုင်ငံ ဂျက်ဒက်မြို့တော်မှာ ယှဉ်ပြိုင်သွားတာပါ။ ဂျူဗင်တပ်ဟာ အီတလီ စူပါကိုပါဖလားကို စံချိန်တင် ၈ ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။
2 years Ago
Up