အီတလီစီးရီးအေ

A d v e r t i s e m e n t With Us

May 28, 2019

တိုက်စစ်မှူး စီရော်နယ်ဒို ဂိုးသွင်းဘုရင်ဆုနှင့် လေးနှစ်ဆက်တိုက် လွဲချော်

အီတလီ စီးရီးအေပြိုင်ပွဲအပြီးမှာ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက ဂိုးသွင်းဘုရင်ဆုကို လေးနှစ်ဆက်တိုက် လွဲချော်သွားပါတယ်။ အီတလီ စီးရီးအေပြိုင်ပွဲမှာ ဆမ်ဒိုးရီးယားက အီတလီ ဝါရင့်တိုက်စစ်မှူး ကွာဂလီရယ်လာက သွင်းဂိုး ၂၆ ဂိုးနဲ့ ဂိုးသွင်းဘုရင်ဆု ရယူနိုင်ခဲ့ပြီး စီရော်နယ်ဒိုကတော့ သွင်းဂိုး ၂၁ ဂိုးပဲ ရခဲ့တာကြောင့် ဂိုးသွင်းဘုရင်ဆုနဲ့ ၄ နှစ်ဆက်တိုက် လွဲချော်သွားတာပါ။ စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိစဉ်ကလည်း ၃ နှစ်ဆက်တိုက် လာလီဂါ ဂိုးသွင်းဘုရင်ဆုနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ၃၅ ဂိုး သွင်းခဲ့ပေမယ့် ဂိုး ၄၀ သွင်းခဲ့တဲ့ ဆွာရက်ဇ်ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ၂၀၁၆-၁၇ ဘောလုံးရာသီမှာလည်း ၂၅ ဂိုး သွင်းခဲ့ပေမယ့် ၃၇ ဂိုးသွင်းခဲ့တဲ့ မက်ဆီကို ကျော်ဖြတ်နိုင်ခြင်း မရှိဘဲ လွဲချော်ခဲ့တာပါ။ အဲဒီလိုပဲ ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီကလည်း ၂၆ ဂိုး သွင်းခဲ့ပေမယ့် ၃၄ ဂိုးသွင်းခဲ့တဲ့ မက်ဆီကပဲ ဂိုးသွင်းဘုရင်ဆု ရယူသွားတာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ပရီးမီးယားလိဂ်မှာရှိစဉ်က မန်ယူအသင်းနဲ့အတူ ဂိုးသွင်းဘုရင်ဆု တကြိမ်ရခဲ့ပြီး ရီးရဲလ်အသင်းမှာတော့ စုစုပေါင်း ၃ ကြိမ် ရရှိခဲ့ဖူးပေမယ့် ၂၀၁၅ နောက်ပိုင်း ဆုတွေနဲ့ လွဲချော်နေတာ ဖြစ်ပါတယ်။
2 years Ago

December 1, 2015

အင်တာမီလန်ကို အနိုင်ယူပြီး နာပိုလီ အမှတ်ပေးဇယားထိပ်ရောက် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၃၀ ရက်က ယှဉ်ပြိုင်သွားတဲ့ အီတလီ စီးရီးအေ ဘောလုံးပြိုင်ပွဲမှာ နာပိုလီက အင်တာမီလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ ၂ သင်း ဆုံတာဖြစ်လို့ အကြိတ်အနယ်နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ အိမ်ရှင် နာပိုလီအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၂ မိနစ်မှာ တိုက်စစ်မှူး ဟီဂူရီရန်က သွင်းယူပါတယ်။ အင်တာမီလန်က နောက်တန်းလူ နာဂါမိုတို ကစားတာ ကြမ်းလို့ ၄၄ မိနစ်မှာ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ နာပိုလီက တယောက်လျော့ အင်တာဘက်ကို ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ နာပိုလီအတွက် ဒုတိယ ဦးဆောင်ဂိုးကိုလည်း တိုက်စစ်မှူး ဟီဂူရီရန်ကပဲ ၆၂ မိနစ်မှာ သွင်းယူပါတယ်။ အင်တာမီလန်အတွက် တလုံးတည်းသော ချေပဂိုးကို ၆၇ မိနစ်မှာ သွင်းယူပြီး အရှုံးပေးလိုက်ရပါတယ်။ ဒီပွဲနိုင်တဲ့ နာပိုလီက ၃၁ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ကို ရောက်သွားပြီး အင်တာမီလန်က အမှတ် ၃၀ နဲ့ ဒုတိယနေရာကို လျှောကျသွားပါတယ်။
5 years Ago
More News
Up