အီတလီစားဖိုမှူးများ၏ ကမ္ဘာ့အရှည်ဆုံး ပီဇာကြီး

June 21, 2015

အီတလီစားဖိုမှူးများ၏ ကမ္ဘာ့အရှည်ဆုံး ပီဇာကြီး

အီတလီ စားဖိုမှူး အယောက် ၈၀ ရဲ့ စုပေါင်းလက်ရာ ကမ္ဘာ့အရှည်ဆုံး ပီဇာကြီးကို ဇွန် ၂၀ ရက်နေ့က မီလန် ၂၀၁၅ ပြပွဲမှာ ပြသပါတယ်။ မာဂရီတာ ပီစာက ၁၅၉၅ မီတာ ရှည်လျားတယ်လို့  ဂရင်းနစ် မှတ်တမ်းဌာနက ၀န်ထမ်းတွေကလည်း အတည်ပြုပါတယ်။ ပီဇာကို လုပ်ဖို့ ဂျုံမှုန့် ၁ ဒသမ ၇ တန်၊ ချိစ် ၁.၇ တန်၊ ခရမ်းချဉ်သီး ၁ ဒသမ ၅ တန်းကို အသုံးပြုခဲ့ရပါတယ်။ အီတလီမှာ နာမည်ကြီးတဲ့ မာဂရီတာ ပီဇာဟာ ၁၉ ရာစု နှောင်းပိုင်းမှာ စပေါ်ခဲ့ပြီး အခုအထိ နာမည်ကျော် ဂန္တ၀င်ပုံစံ ပီဇာအဖြစ် လူသိများပါတယ်။
6 years Ago
Up