အီတလီကွင်းလယ်လူ

July 9, 2021

ပေးဂိုးတစ်ဂိုးသာရှိသေးသည့် အင်္ဂလန်ကို အီတလီကွင်းလယ်လူ ဗာရက်တီ ချီးကျူး

ယူရို ၂၀၂၀ ပြိုင်ပွဲမှာပေးဂိုး ၁ ဂိုးပဲ ရှိသေးတဲ့ အင်္ဂလန်အသင်းကို အီတလီကွင်းလယ်လူဗာရက်တီက ချီးကျူးတဲ့အကြောင်း ပြောပါတယ်။

အီတလီအသင်းဟာ ယူရိုဗိုလ်လုပွဲစဉ်မှာ အင်္ဂလန်နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင်မှာ အင်္ဂလန်ရဲ့ ခံစစ်ပိုင်းနဲ့ ကစားသမားတွေကိုလည်း ဗာရက်တီက ချီးကျူးခဲ့တာပါ။ 

အင်္ဂလန်က ပေးဂိုး တစ်ဂိုးပဲရှိသေးတာကိုကြည့်ရင် သူတို့တအားတောင့်တင်းပါကြောင်း၊ ခမ်းနားတဲ့ ကစားသမားတွေလည်းရှိပြီး ဟန်ချက်ညီတဲ့ကစားဟန်လည်းရှိကြောင်း၊ ဗိုလ်လုပွဲတက်ခဲ့တာက သူတို့အတွက် ထိုက်တန်ပါကြောင်း၊ သူတို့က အားပြုကစားတက်တဲ့ အသင်းဖြစ်ပြီး ဘောလုံးကျွမ်းကျင်မှုကောင်းတဲ့ ကစားသမား တွေလည်ရှိကြောင်း၊ ဗိုလ်လုပွဲက သူတို့အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ယူရိုချန်ပီယံဖြစ်ဖို့က ကျနော်တို့ ရဲ့အိပ်မက်ဖြစ်ကြောင်း ဗာရက်တီ ကပြောပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲအပြင် ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်အထိပေးဂိုးမရှိခဲ့ဘဲ ဒိန်းမတ်နဲ့ ဆီမီးဖိုင်နယ်ရောက်မှ ပေးဂိုး တစ်ဂိုးရှိခဲ့တာပါ။

အီတလီအသင်းကလည်း  နည်းပြမန်ချီနီလက်အောက်မှာ နောက်ဆုံး ၃၃ ပွဲ ဆက်တိုက်ရူံးပွဲမရှိ ရလဒ်ရရှိထားပါတယ်။

7 months Ago
Up