အီဂျစ် ယူ-၂၃

March 28, 2020

လီဗာပူးအသင်း လာမည့်ဘောလုံးရာသီတွင် ဆာလက်ကို ၄ လခန့် လက်လွှတ်ရမည် 

လီဗာပူးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာတော့ အသင်းရဲ့အဓိက တိုက်စစ်မှူး ဆာလက် ကို ၄ လ‌လောက်အထိ လက်လွှတ်ရဖို့ရှိနေပါတယ်။ အာဖရိကနိုင်ငံများဖလား ပွဲစဉ်တွေကို လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ ဖေဖော်ဝါရီလအထိ ကျင်းပမှာဖြစ်ပြီး ဆာလက်ဟာ အီဂျစ်အသင်းအတွက် ပြန်လည်ကစားပေးရမှာပါ။  ဒါ့အပြင် အခုနှစ်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းတော့မှာဖြစ်လို့ လာမယ့် ၂၀၂၁ ခုနှစ် မတ်လမှာ ပြန်လည်စတင်ဖို့ ရှိနေတာပါ။ အိုလံပစ်ပြိုင်ပွဲမှာလည်း အီဂျစ် ယူ-၂၃ အသင်းနဲ့အတူ ကစားပေးဖို့ရှိနေတာကြောင့် လီဗာပူးအသင်းအနေနဲ့ အဓိကတိုက်စစ်မှူး ဆာလက်ကို ၄ လခန့်အထိ လက်လွှတ်ရဖို့ရှိနေတာ ဖြစ်ပါတယ်။ အီဂျစ် ယူ-၂၃ အသင်းနည်းပြကလည်း ဆာလက်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် ယူ-၂၃ အသင်းကနေ အမြဲတမ်းတံခါးဖွင့်ထားကြောင်း ဝန်ခံဖွင့်ဟထားပါတယ်။  လီဗာပူးအသင်းဟာ ဆာလက်အပြင် မာနေး၊ ကီတာနဲ့ မာတစ်တို့ကိုလည်း နိုင်ငံ လက်ရွေးစင်အသင်းတွေအတွက် စေလွှတ်ပေးရမှာ ဖြစ်ပါတယ်။
2 years Ago
Up