အီဂျစ်အသင်း

November 14, 2020

လီဗာပူး တိုက်စစ်မှူးဆာလာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရဟု အီဂျစ်အသင်းပြော

လီဗာပူး တိုက်စစ်ကစားသမား ဆာလာဟာ အာဖရိကဖလားအတွက် လေ့ကျင့်ရင်း ကိုဗစ်-၁၉ ရောဓါ ကူးစက်ခံထားရတယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ ၁၃ ရက်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ အီဂျစ်တသင်းလုံးကို ကိုဗစ်ပိုးရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ ဆာလာ တဦးတည်း ပိုးတွေ့ရှိခဲ့ပြီး တခြားကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေမှာ ပိုးတွေ့ရှိခြင်းမရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။  ဆာလာအနေနဲ့ ရောဂါလက္ခဏာတစုံတရာ မခံစားရကြောင်းနဲ့ သူ့ကိုရော သူနဲ့ ထိတွေ့ခဲ့သူတွေအားလုံးကို သီးသန့် နေထိုင်ကုသစေမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။  ဆာလာ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတာက လီဗာပူးနည်းပြ ကလော့ပ်အတွက်လည်း ခေါင်းခဲစရာ ဖြစ်သွားခဲ့ပါတယ်။  လီဗာပူးအသင်းမှာ နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်၊ အာနိုးလ်၊ ဂျိုးလ်ဂိုမက်ဇ်နဲ့ ဖာဘင်ဟိုတို့ဟာ ဒဏ်ရာကိုယ်စီနဲ့ အနားယူနေရပါတယ်။
1 year Ago
Up