အီဂျစ်လူငယ်

December 10, 2020

ကင်းမြီးကောက်အဆိပ်ထုတ်လုပ်ငန်းဖြင့် စီးပွားဖြစ်လာသူ အီဂျစ်လူငယ်

အီဂျစ်လူငယ် အမျိုးသားတယောက်ဟာ  သူ့ရဲ့ ဗိသုကာဘွဲ့ ကို စွန့်လွှတ်ပြီး ကင်းမြီးကောက် အဆိပ်ကို ဆေးဝါး ဖော်စပ်ရာမှာ သုံးဖို့ လွန်ခဲ့တဲ့နှစ်တွေက နိုင်ငံတွင်း ကမ်းခြေတွေနဲ့ ကန္တာရတွေမှာ ကင်းမြီးကောက်တွေကို လိုက်ဖမ်းနေခဲ့ပါတယ်။  အခုတော့ သူဟာ ကိုင်ရို အဆိပ်ကုမ္ပဏီပိုင်ရှင် မိုဟာမဒ် ဟမ်ဒီ ဘိုရှ်တာ  ဖြစ်လာပါတယ်။ သူ့ကုမ္ပဏီဟာ အဆိပ်ထုတ်ဖို့ မြွေ အမျိုးမျိုးနဲ့ အီဂျစ်နိုင်ငံတဝန်းက မွေးမြူရေးရုံ အသီးသီးမှာ ကင်းမြီးကောက် အကောင်ရေ ၈၀,၀၀၀ အထိ မွေးမြူ ထားပါတယ်။  ခရမ်းလွန်ရောင်ခြည် အလင်းကို သုံးပြီး လျှပ်စစ်လှိုင်း နည်းနည်းနဲ့ ထိတွေ့ ပေးတဲ့အခါ ကင်းမြီးကောက်တွေ အဆိပ်ထုတ် လာရာမှာ အဆိပ် ၁ ဂရမ်ဟာ အဆိပ်ဖြေဆေး ထိုးဆေး  ၂၀,၀၀၀ ကနေ ၅၀,၀၀၀ အကြားကို ထုတ်လုပ်နိုင်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ . ဒါကြောင့် ကင်းမြီးကောက် အဆိပ် ၁ ဂရမ်ဟာ အမေရိကန် ဒေါ်လာ ၁၀,၀၀၀  အထိ တန်ဖိုးရှိပြီး ဘိုရှ်တာဟာ ဒီအဆိပ်တွေကို ဥရောပနဲ့ အမေရိကန်ဆီ တင်ပို့ ရောင်းချနေ ပါတယ်။
4 months Ago
Up