ဥရောပရဲ့ အလိုရှိဆုံး အိုင်အက်စ် အကြမ်းဖက်သမားတယောက်ကို စပိန်နိုင်ငံတောင်ပိုင်း အယ်မာရီယားမြို့မှာ ဖမ်းဆီးခဲ့တယ်လို့ စပိန်အစိုးရက ဧပြီလ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဆီးရီးယားနဲ့ အီရတ် စစ်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ အီဂျစ်နိုင်ငံသား အကြမ်းဖက်သမားဟာ တိုက်ခန်းတခုအတွင်း တခြားသူ နှစ်ဦးနဲ့ ပုန်းအောင်းနေတာကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ အိုင်အက်စ်အဖွဲ့ရဲ့ ဝါဒဖြန့် ဗွီဒီယိုတွေမှာ ပါဝင်နေပြီး သူနဲ့အတူ ပုန်းအောင်းနေတဲ့ အခြားသူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ သူတို့ သုံးယောက်ဟာ မြောက်အာဖရိကကနေ စပိန်နိုင်ငံကို ဝင်ရောက်ပြီး လော့ဒေါင်း ကာလအတွင်း ပုန်းအောင်းနေတာဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။
10 months Ago