အီဂျစ်ဘောလုံး

June 11, 2015

အီဂျစ်ဘောလုံးကွင်းတွင် သောင်းကျန်းခဲ့သည့် ပရိသတ်များ သေဒဏ်ချမှတ်ခံရ

၂၀၁၂ ခုနှစ်က ပို့ဆက်ဒ် ဘောလုံးကွင်းမှာ ပရိသတ်တွေ သောင်းကျန်းခဲ့မှုကြောင့်  လူ ၇၀ ကျော်သေဆုံးခဲ့ရတဲ့ အမှုအတွက် အီဂျစ်တရားရုံးက ပြစ်မှုကျူးလွန်တဲ့ ပရိသတ် ၁၁ ဦးကို သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြား ၁၄ ဦးကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ၁၅ ဦးကို ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပြီး ကျန် ၂၁ ဦးကိုတော့ အပြစ်မရှိကြောင်း တွေ့ရှိရလို့ တရားသေ လွှတ်ပေးလိုက်ပါတယ်။ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချခံရသူတွေထဲမှာ ပို့ဆက်ဒ်ဘောလုံးကွင်း လုံခြုံရေး အကြီးအကဲဟောင်းလည်း ပါဝင်ပါတယ်။ ပရိသတ် သောင်းကျန်းမှု အဆိုးဝါးဆုံးအဖြစ် အီဂျစ်ဘောလုံးသမိုင်းမှာ မှတ်တမ်းဝင်သွားခဲ့တဲ့ အဲ့ဒီအဖြစ်အပျက်မှာ လူ ၇၀ ကျော်သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ရုပ်သံထုတ်လွှင့်မှုတွေနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းစစ်ဆေးခဲ့ပြီး တရားရုံးက အခုလို ပြစ်ဒဏ်တွေ ချခဲ့တာဖြစ်ပါတယ်။
6 years Ago
Up