အီဂျစ်အသင်း ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့်ရ

October 9, 2017

အီဂျစ်အသင်း ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့်ရ

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ရမှာ ခြေစစ်ပွဲအောင် အသင်း ၄ သင်း ထပ်မံပေါ်ထွက်လာပါတယ်။ အာဖရိကဇုန်မှာ အီဂျစ်အသင်းက လီဗာပူးကစားသမား ဆာလက်ခ်ျရဲ့ ပွဲပြီးခါနီးမှာရတဲ့ ပင်နယ်တီဂိုးနဲ့ ကွန်ဂိုကို အနိုင်ရခဲ့ပြီး ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့်ရသွားပါတယ်။ ဒါ့အပြင် နိုင်ဂျီးရီးယား၊ ကော်စတာရီကာနဲ့ ပိုလန်အသင်းတို့လည်း ပြိုင်ဘက်တွေကို အနိုင်ကစားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ လက်ရှိအချိန်ထိ အိမ်ရှင် ရုရှား အပါအဝင် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်တဲ့ အသင်း ၁၅ သင်း ရှိသွားပါပြီ။ နာမည်ကြီးအသင်းတွေထဲမှာ ဘရာဇီး၊ စပိန်၊ အင်္ဂလန်၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံအသင်းတို့ ခြေစစ်ပွဲ အောင်မြင်ပြီးသားဖြစ်ပေမယ့် အာဂျင်တီးနား၊ ပေါ်တူဂီ၊ ဟော်လန်နဲ့ ခရိုအေးရှား အသင်းတွေကတော့ နောက်ဆုံးပွဲစဉ်တွေမှာ ရလဒ်ကောင်းမှ ကမ္ဘာ့ဖလား ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up