အီဂျစ်အသင်း

May 28, 2018

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီဂျစ်အသင်းမိတ်ဆက်

နှစ်ပေါင်း ၂၈ နှစ် ကြာပြီးမှ ကမ္ဘာ့ဖလားကို တကျော့ပြန် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အီဂျစ်အသင်းဟာ အုပ်စု (က) မှာ အိမ်ရှင် ရုရှား၊ ဥရုဂွေးနဲ့ ဆော်ဒီအာရေဗျအသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ အီဂျစ်အသင်းဟာ ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက် ကစားခွင့်ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား မှတ်တမ်းအရ အီဂျစ်အသင်းဟာ ၁၉၃၄ ခုနှစ် ကမ္ဘာ့ဖလားမှာ နောက်ဆုံးအဆင့် ကစားခွင့်ရတဲ့ ပထမဆုံး အာဖရိကအသင်း ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် အီတလီ ကမ္ဘာ့ဖလားမှာလည်း ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ အခုတကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အီဂျစ်အသင်းဟာ အမြင့်ဆုံး အောင်မြင်မှုရဖို့ မျှော်လင့်နေပါတယ်။ အီဂျစ်အသင်းကို ဆာလက်၊ ဂေဘာ၊ အယ်လ်နန်နီတို့ ဦးဆောင်လာမှာ ဖြစ်ပေမယ့် အသင်းရဲ့ အဓိက ဦးဆောင်သူတဦးဖြစ်တဲ့ တိုက်စစ်မှူး ဆာလက်ဟာ ရီးရဲလ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲမှာ ဒဏ်ရာရသွားတဲ့အတွက် ကမ္ဘာ့ဖလား ဆင်နွှဲနိုင်ရေး မရေမရာဖြစ်သွားတဲ့ အခြေအနေက အီဂျစ်အသင်းအတွက် ထိခိုက်ခဲ့ရပါတယ်။ အီဂျစ်အသင်းအတွက် နောက်တဆင့် တက်ရောက်နိုင်ရေး အိမ်ရှင် ရုရှားနဲ့ ဥရုဂွေးတို့က အဓိကစိန်ခေါ်မယ့်အသင်းတွေ ဖြစ်လာမှာပါ။ အကယ်၍ တိုက်စစ်မှူး ဆာလက်သာ ဒဏ်ရာကသက်သာပြီး ကစားနိုင်မယ်ဆိုရင်တော့ အီဂျစ်အသင်းအတွက် အောင်မြင်မှု မျှော်လင့်ချက်ရောင်ခြည်တွေ ရှင်သန်လာမှာဖြစ်ပြီး ဆာလက်ရဲ့ ခြေစွမ်းပြမှုနဲ့ ကွင်းလယ်လူ အယ်လ်နန်နီတို့ရဲ့ တည်ငြိမ်မှုတွေဟာ အီဂျစ်အသင်းကို ၁၆ သင်းအဆင့်အထိ ပို့ဆောင်ပေးနိုင်မယ့် အလားအလာ ရှိနေသလို မထင်မှတ်တဲ့ ရလဒ်တွေ စွမ်းဆောင်နိုင်မလား ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အာဖရိကချန်ပီယံ ၇ ကြိမ်အထိ ဖြစ်ထားပြီး အမြင့်ဆုံးအောင်မြင်မှု ရရှိထားတဲ့ အီဂျစ်အသင်းအတွက် ၂၀၁၈ ကမ္ဘာ့ဖလားဟာ ရုန်းကန်ရနိုင်ပေမယ့် ဗလင်စီယာ၊ ပါးမား၊ အင်တာမီလန်၊ ရီးရဲလ်ဘက်တစ်အသင်းတွေကို နည်းပြခဲ့ဖူးတဲ့ ဝါရင့်နည်းပြ ဟက်တာကူးပါး ဘယ်လိုစွမ်းဆောင်သွားနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ လက်ရှိ ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၄၆ မှာရှိတဲ့ အီဂျစ်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဥရုဂွေးအသင်းနဲ့ လာမယ့် ဇွန်လ ၁၅ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အီဂျစ်အသင်း ပဏာမ ကစားသမားများ ဂိုး - အက်စ်ဆမ် အယ်လ် ဟာဒါရီ (အယ်လ်တာဝေါင်)၊ မိုဟာမက် အယ်လ် ရှန်နာဝီ၊ ရှရစ်ဖ် အက်ခ်ရာမီ (အယ်လ်အာလီ)၊ မိုဟာမက်အာဝပ်ဒ် (အစ္စမေးလီး) နောက်တန်း - အာမက် ဖာသီ၊ ဆာအက်ဒ် ဆာမီယာ၊ အိုင်မန် အာရှရပ်ဖ် (အယ်လ်အာလီ)၊ မာမွတ် ဟမ်ဒီ (ဇာမာလက်ခ်)၊ မိုဟာမက် အပ်ဘ်ဒဲလ်-ရှာဖီ (အယ်လ်ဖာတက်)၊ အာမက် ဟီဂါဇီ၊ အလီ ဂဘာ (ဝက်စ်ဘရွန်း)၊ အာမက် အယ်လ်မိုဟာမဒီ (အက်စ်တွန်ဗီလာ)၊ ကာရင် ဟာဖက်ဇ် (လန်းစ်)၊ အိုမာ ဂေဘာ (လော့စ်အိန်ဂျလိစ်)၊ အမ်ရို တာရက်ခ် (အော်လန်ဒိုစီးတီး) အလယ်တန်း - တာရက်ခ် ဟာမက်၊ မာမွတ် အပ်ဘ်ဒဲလ် အဇစ် (ဇာမာလက်ခ်)၊ ရှီကဘာလာ (အယ်လ်ရာအိဒ်)၊ အပ်ဘ်ဒါလာ ဆာအိဒ် (ကေယူပီအက်စ်)၊ ဆမ်မော်စီ (ဝီဂန်)၊ အယ်လ်နန်နီ (အာဆင်နယ်)၊ ကာရာဘာ (အယ်လ်အစ်တီဟတ်ဒ်)၊ ရာမာဒန် ဆော့ဘ်ဟီ (စတုတ်)၊ ထရေဇီဂွေး (ကာဆင်ပါစာ)၊ အေမာဝါဒါ (အေထရိုမီတို့စ်) ရှေ့တန်း - မိုဆန်း (အယ်လ်အာလီ)၊ အာမက် ဂိုးမား (အယ်လ်မတ်စ်ရီ)၊ ကော့ကာ (ဘရာဂါ)၊ မိုဟာမက်ဆာလက် (လီဗာပူး)
3 years Ago
Up