အီဂျစ်စစ်တပ်ဟာ ကျန်ခဲ့တဲ့ရက်တွေအတွင်း စီနိုင်းကျွန်းဆွယ်ထဲက တိုက်ခိုက်ရေးသမား ၅၂ ဦးကို သုတ်သင်ခဲ့တယ်လို့ သြဂုတ် ၅ ရက်နေ့မှာ ပြောပါတယ်။
အီဂျစ်အစိုးရက ကန္တာရဒေသထဲက လက်နက်ကိုင်အုပ်စုတွေကို ဆက်ပြီး ထိုးစစ်ဆင်နေခဲ့တာပါ။
လုံခြုံရေးတပ်တွေဟာ အနောက်ဘက်နယ်စပ်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့တဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ တပ်ဆင်ထားတဲ့ ကား ၁၅ စီးနဲ့ စစ်ဒေသ တောင်ပိုင်းထဲက ကား ၁၇ စီးကို ဖျက်ဆီးခဲ့တယ်လို့လည်း စစ်တပ်က တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒေသတွင်း အကြမ်းဖက်မှု တိုးလာလို့ တာဝန်ရှိတဲ့ လက်နက်ကိုင်အုပ်စုတွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးကို အီဂျစ်အစိုးရက ဖေဖော်ဝါရီမှာ စတင်ခဲ့ပါတယ်။
စစ်တပ်၊ ရဲနဲ့ တခြား လုံခြုံရေးတပ်ဖွဲ့တွေ ပါတဲ့ စစ်ဆင်ရေးအတွက် တိုက်ခိုက်ရေးသမား အယောက် ၃၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
၂၀၁၃ စစ်အာဏာသိမ်းမှုအပြီး အီဂျစ်နိုင်ငံထဲမှာ လက်နက်ကိုင်အုပ်စုတွေ ဖောချင်းသောချင်း များလာခဲ့တယ်လို့ အယ်လ်ဂျားဇီးယား သတင်းဌာနက အစီရင်ခံပါတယ်။
5 years Ago