WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660459461.8332290649414062500000', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

အီဂျစ်ခရီးသည်လေယာဉ် ပြန်ပေးဆွဲခံရ – DVB

အီဂျစ်ခရီးသည်လေယာဉ် ပြန်ပေးဆွဲခံရ

March 29, 2016

အီဂျစ်ခရီးသည်လေယာဉ် ပြန်ပေးဆွဲခံရ

အီဂျစ်နိုင်ငံ အလက်ဇန်းဒရီးယားမြို့ကနေ မြို့တော် ကိုင်ရိုကို ပျံသန်းတဲ့ လေယာဉ်တစီး ဒီနေ့က ပြန်ပေးဆွဲခံရပြီး ဆိုက်ပရပ်စ်နိုင်ငံမှာ ဆင်းသက်ခဲ့တယ်လို့ အီဂျစ်အစိုးရ ရေဒီိယိုက ကြေညာပါတယ်။ လေယာဉ်ပေါ်မှာ အမှုထမ်း ၇ ယောက် အပါအဝင် လူ ၅၅ ယောက် ပါတယ်လို့ ဆိုက်ပရပ်စ် ရုပ်သံ ကော်ပိုရေးရှင်းက အစီရင်ခံပါတယ်။ အစောပိုင်းကတော့ လေယာဉ်ပေါ်မှာ လူအယောက် ၈၀ လောက်ပါတယ်လို့ အစီရင်ခံခဲ့တာပါ။ အနည်းဆုံး အမျိုးသားတယောက်က လက်နက်ကိုင်ဆောင် ထားတယ်လို့ ဆိုပါတယ်။ ဆိုက်ပရပ်စ် လေကြောင်း သတင်းအချက်အလက် ဒေသအတွင်း ပြန်ပေးဆွဲမှု ဖြစ်ခဲ့ပြီး လေယာဉ်ကို မြေထဲပင်လယ် အရှေ့ဘက် ကျွန်းနိုင်ငံ ဖြစ်တဲ့ ဆိုက်ပရပ်စ်နိုင်ငံ တောင်ဘက်က လာနာကာ ဆိပ်ကမ်းမြို့ဆီ လမ်းကြောင်းပြောင်း ပျံသန်းခဲ့ကြပါတယ်။
6 years Ago
Up