အီဂျစ်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူပြီး ကင်မရွန်း အာဖရိကဖလားပြိုင်ပွဲတွင် ဗိုလ်စွဲ

February 6, 2017

အီဂျစ်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူပြီး ကင်မရွန်း အာဖရိကဖလားပြိုင်ပွဲတွင် ဗိုလ်စွဲ (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာဖရိကဖလား ဗိုလ်လုပွဲမှာ ကင်မရွန်းက အီဂျစ်ကို နောက်ကနေ လိုက်ကစားပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ အီဂျစ်အတွက် ဦးဆောင်ဂိုးကို အာဆင်နယ်ကွင်းလယ်ကစားသမား အယ်လ်နန်နီက ၂၂ မိနစ်မှာ သွင်းယူပါတယ်။ ကင်မရွန်းအတွက် ချေပဂိုးကို ၅၉ မိနစ်မှာ နောက်ခံလူ ကိုလူးက သွင်းယူပါတယ်။ ကင်မရွန်းအသင်းက ဘောလုံးပိုင်ဆိုင်မှုသာသလို ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ အာဖရိကဖလားပြိုင်ပွဲမှာ အီဂျစ်အသင်းက ချန်ပီယံ ၇ ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းလည်း ဖြစ်ပါတယ်။ ကင်မရွန်းအတွက် အနိုင်ဂိုးကိုတော့ ပွဲပြီးကာနီး ၈၈ မိနစ်မှာ တူရကီကလပ် ဘီဆက်တက် တိုက်စစ်မှူး အဘူဘာကာက သွင်းယူပြီး အာဖရိကချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။ ကင်မရွန်းအတွက်တော့ ချန်ပီယံဆုကို ၁၅ နှစ်အကြာမှာ ပြန်လည်ရယူနိုင်တာပါ။ အခုချန်ပီယံဆုဟာ ကင်မရွန်းအတွက် ၅ ကြိမ်မြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။
4 years Ago
Up