အီဂါလို

June 3, 2020

မန်ယူအသင်းတွင် ဆက်နေခွင့်ရသဖြင့် ကျေနပ်ပျော်ရွှင်မိဟု အီဂါလိုပြော

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆက်လက်ကစားခွင့်ရခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်မိတယ်လို့ တိုက်စစ်မှူး အီဂါလိုက ပြောပါတယ်။  အီဂါလိုဟာ ဇွန်လအကုန်မှာ မန်ယူနဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် မိခင်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းဆီ ပြန်သွားရဖို့ နီးစပ်ခဲ့တာပါ။ အဆုံးသတ်မှာတော့ ရှန်ဟိုင်းအသင်းက မန်ယူအသင်းနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ အငှားစာချုပ်သက်တမ်းတိုးဖို့ ခွင့်ပြုပေးခဲ့တာပါ။ ယူနိုက်တက်မှာ ဆက်ကစားဖို့က အိပ်မက်တစ်ခုဖြစ်ပြီး အခက်အခဲတွေရှိခဲ့ပေမယ့် အသင်းမှာ ဆက်ရှိခွင့်ရလို့ ပျော်ရွှင်မိတယ်လို့ အီဂါလိုက ပြောပါတယ်။ ခြေစွမ်းကောင်းပြသနိုင်ဖို့ အပြည့်အဝ အာရုံစိုက်နိုင်ပြီဖြစ်ပြီး မိမိရဲ့ဆန္ဒကို လိုက်လျောပေးခဲ့တဲ့ ရှန်ဟိုင်းအသင်းဥက္ကဋ္ဌနဲ့ ဒါရိုက်တာကို ကျေးဇူးတင်ကြောင်းလည်း အီဂါလိုက ပြောကြားခဲ့ပါတယ်။ အသက် ၃၀ ရှိ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုဟာ မန်ယူအသင်းနဲ့ ၈ ပွဲ ကစားခဲ့ရာမှာ ၄ ဂိုး သွင်းယူထားပါတယ်။ 
1 year Ago

June 2, 2020

မန်ယူနိုက်တက်က အီဂါလို၏ အငှားစာချုပ်ကို ၂၀၂၁ ဇန်နဝါရီလကုန်အထိ သက်တမ်းတိုး 

တိုက်စစ်မှူး အိုဒီယွန်အီဂါလိုရဲ့ အငှားစာချုပ်ကို ဇန်နဝါရီလကုန်အထိ သက်တမ်းတိုးမြှင့်ဖို့ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်းက အတည်ပြု ပြောပါတယ်။ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ယူနိုက်တက်အသင်းကို ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကာလတိုအငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပေမယ့် အသင်းနဲ့လျင်လျင်မြန်မြန်ပဲ အထိုင်ကျခဲ့ကာ ၈ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပထမအငှားစာချုပ်ဟာ မေ ၃၁ ရက်မှာ ပြည့်သွားခဲ့တာကြောင့် သူဟာ အခုလအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်ချိန်မှာ ယူနိုက်တက်အသင်းအတွက် ကစားခွင့်ကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းဘက်က သူ့ရဲ့အငှားစာချုပ်ကို သက်တမ်းတိုးမြှင့်နိုင်ခဲ့တာကြောင့် အီဂါလိုဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲကျန်တွေအတွက်တင် မဟုတ်တော့ဘဲ ၂၀၂၀-၂၁ ရာသီသစ်ရဲ့အစောပိုင်းတွေမှာ ယူနိုက်တက်အသင်းကို ကိုယ်စားပြုခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။  “ယူနိုက်တက်အသင်းဟာ ရှန်ဟိုင်းရှင်ဟွာအသင်းနဲ့ အီဂါလိုရဲ့စာချုပ်ကို သက်တမ်းတိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်” လို့ အသင်းဘက်က တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ “သက်တမ်းတိုးနိုင်ခဲ့ခြင်းကြောင့် နိုင်ဂျီးရီးယားသားဟာ ယူနိုက်တက်အသင်းမှာ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်အထိ ဆက်ရှိနေမှာဖြစ်ပြီး သူ ငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ ကလပ်အသင်းနဲ့အတူ အိပ်မက်တစ်ခုကို တည်ဆောက်ခွင့်ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်” လို့လည်း ရေးသားထားပါတယ်။ အီဂါလိုဟာ သူ့အနာဂတ်အတွက် သေချာတဲ့အဖြေတစ်ခုကို မရရှိခဲ့ချိန် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကစလို့ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းနဲ့ ရှန်ဟိုင်းရှင်ဟွာအသင်းတို့ အသစ်ထပ်မံရရှိခဲ့တဲ့ စာချုပ်သစ်မှာ အီဂါလိုကို အပြီးသတ်ဝယ်ယူခွင့် ပါဝင်တယ်လို့ ယူဆရပြီး ရှင်ဟိုင်းအသင်းက အီဂါလိုကို ပေါင်သန်း ၂၀ တန်ကြေး သတ်မှတ်ထားပါတယ်။  အီဂါလိုကို အငှားစာချုပ်သက်တမ်းတိုးခွင့်ပြုခဲ့တဲ့ ရှန်ဟိုင်းရှန်ဟွာအသင်းနဲ့ ဆွေးနွေးပွဲတွေမှာ ယူနိုက်တက်နည်းပြက တရုတ်ကလပ်အသင်းကို ချီးကျူးစကားလည်း ပြောဆိုခဲ့ပါတယ်။ “သူတို့အသင်းက ကျနော်တို့အပေါ် ကောင်းခဲ့ပြီးတော့ အီဂါလိုကိုလည်း သူ့အိပ်မက်ထဲက အသင်းမှာ ကစားဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာ ကစားခွင့်ရရှိဖို့က သူ့ရဲ့အိပ်မက်တစ်ခု ဖြစ်ပြီးတော့ သူ စတင်ခဲ့တဲ့အရာတွေကို ကောင်းကောင်းမွန်မွန်နဲ့ အဆုံးသတ်နိုင်ပြီး ကျနော်တို့အသင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးသွားဖို့ မျှော်လင့်ပါတယ်” လို့လည်း မန်ယူ နည်းပြဆိုးလ်ရှားက MUTV ကို ပြောပါတယ်။
1 year Ago
More News
Up