အီကွေဒေါနိုင်ငံမှာ ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက ရီဗန်တာဒိုမီးတောင်ပေါက်ကွဲပြီး ကျောက်ခဲတွေနဲ့ အနီရောင်ချော်ရည်တွေ တောင်စောင်းတလျှောက် ပန်းထွက်လာခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
အီကွေဒေါနိုင်ငံရဲ့ အမေဇုန်သစ်တောဧရိယာထဲမှာ တည်ရှိတဲ့ ရီဗန်တာဒို မီးတောင်ဟာ အီကွေဒေါရဲ့ အလှုပ်ရှားဆုံး မီးတောင်ရှင်တွေထဲက တခုပါ။
မီးတောင်ရဲ့ အဆက်မပြတ် လှုပ်ရှားမှုသတင်းကို အမေရိကန် အခြေစိုက် မီးတောင်ပြာမှုန်ဆိုင်ရာ အကြံပေးစင်တာ (VAAC) က ဒီဇင်ဘာ ၂၂ ရက် ညက အစီရင်ခံခဲ့တာပါ။
ရီဗန်တာဒိုမီးတောင် နောက်ဆုံးအကြိမ် အကြီးစားပေါက်ကွဲမှု ဖြစ်ခဲ့တာက ၂၀၀၂ ခုနှစ်ကပါ။
အဲဒီအချိန်တုန်းက မီးတောင်နှုတ်ခမ်းဝကနေ လေထဲအမြင့် ၁၇ ကီလိုမီတာအထိ ပြာတွေ မှုတ်ထုတ်ခဲ့လို့ မြို့တော်ကီတိုအထိ ပြာမှုန်တွေ ပျံ့နှံ့ခဲ့တဲ့အပြင် လူပေါင်း ၂ သန်းလောက် အကျိုးသက်ရောက်မှုကို ခံစားခဲ့ရပါတယ်။
1 year Ago