အီကွေဒေါထောင်

October 2, 2021

လူရာချီသေဆုံးပြီးနောက် အီကွေဒေါထောင်ကို အုပ်ချုပ်ရန် ရဲအရာရှိ ၄၀၀ စေလွှတ်

အီကွေဒေါနိုင်ငံရဲ့မြို့တော် ဂွာယာကွီရှိ အကြီးဆုံးအကျဉ်းထောင်မှာ ဒီသီတင်းပတ် အတွင်း လူပေါင်းရာကျော် သေဆုံးခဲ့တဲ့ အဓိကရုဏ်း ဖြစ်ပွားပြီးနောက်မှာ အမျိုးသားရဲတပ်ဖွဲ့က ထောင်တွင်းပြန်လည်ကြပ်မတ်အုပ်ချုပ်နိုင်ဖို့ စက်တင်ဘာ ၃၀ ရက်မှာ အရာရှိ ၄၀၀ ကို စေလွှတ်ခဲ့ပါတယ်။ 

ဂွာယပ်စ်ပြည်နယ်မှာ စက်တင်ဘာ ၂၈ ရက် ညပိုင်းက စဖြစ်ခဲ့တဲ့ အကျဉ်းထောင်တွင်း အုပ်စိုးချင်တဲ့ဂိုဏ်းတွေအကြားက သွေးစွန်းခဲ့တဲ့ရန်ပွဲတွေမှာ လူ ၁၁၆ ဦး သေဆုံးပြီး ၈၀ ဒဏ်ရာရတာကြောင့် အီကွေဒေါအကျဉ်းထောင်သမိုင်းမှာ လူသေမှု အများဆုံးအကြမ်းဖက်မှု ဖြစ်သွားပါတယ်။ 

စစ်သားတွေဟာ အကျဉ်းခန်းတွေထဲမှာ ဝှက်ထားတဲ့ လက်နက်တွေကို ရှာဖွေနေကြပြီး ရဲတွေကလည်း အဓိကရုဏ်းကိုစတင်ခဲ့တဲ့ တရားခံတွေကို ရှာဖွေနေပါတယ်။ 

လက်နက်တွေအထဲမှာ ရှိနေတယ်ဆိုတာ သိထားရလို့ တွေ့အောင် ရှာနေတယ်လို့ ရဲအရာရှိက သတင်းထောက်တွေကိုပြောပါတယ်။ 

အကျဉ်းသားတွေရဲ့ မိသားစုဆွေမျိုးတွေလည်း မီးသင်္ဂြိုဟ်ရုံ အပြင်ဘက်မှာ စုရုံး စောင့်ဆိုင်းပြီး သတင်းမေးမြန်း အချက်အလက်စုဆောင်းနေကြပါတယ်။ 

အလားတူ ထောင်တွင်းအဓိကရုဏ်းဟာ ဒီနှစ် ဖေဖော်ဝါရီနဲ့ ဇူလိုင်လတွေတုန်းကလည်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ ဖြစ်ပွားခဲ့ဖူးပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ပါသေးတယ်။

1 year Ago
Up