အိန္ဒိယ-မြန်မာ-ထိုင်း

December 15, 2015

အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ၂၀၁၆ တွင် စတင်မည်

အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ ဖြတ်သန်းပြီး ခရီးသည်နဲ့ လုပ်ငန်းတွေကို လာမယ့် ၂ဝ၁၆ နှစ်လယ်တွင် စတင်မှာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနက သိရပါတယ်။ အဲဒီ့အတွက် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေ ဆွေးနွေးနေပြီး  သုံးနိုင်ငံအစိုးရတွေ သဘောတူညီမှု လက်မှတ်ထိုးရင် ခရီးသည်နဲ့  ကုန်စည်ပို့ဆောင်မှု လုပ်ငန်းတွေ  စတင်နိုင်မှာဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း ခရီးသည်နဲ့  ကုန်စည်ပို့ဆောင်မှုမှာ လမ်းကြောင်းအနေနဲ့  အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ကနေ  အမှတ် (၃၉) အမြန်လမ်းမကြီးအတိုင်း ဂူဝါဟာ တီမြို့ -အင်ဖာ- မိုးရေး မြို့များအထိ မောင်းနှင်ပြီး မြန်မာနိုင်ငံ တမူး-ကလေးဝ-ယာကြီး-ယင်းမာပင်- ပုလဲ-ပခုက္ကူ- ညောင်ဦး-ကျောက်ပန်း တောင်းကနေ  အမြန်လမ်းပေါ်တက်ပြီး ဘောနတ်ကြီး ဘုရားကြီးအထိဖြစ်ပြီး အဲဒီ့ကနေ  ကျိုက်ထို-ဘီးလင်း-သထုံ-ဘားအံ-မြဝတီ၊ ယင်းမှ ထိုင်းနိုင်ငံ မဲဆောက်အထိ ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ဒီ ၃ နိုင်ငံဖြတ်သန်းခွင့်အတွက် နိုင်ငံတကာအဆင့်မီ ယာဉ်မောင်းလိုင်စင်တွေကို  ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
7 years Ago
Up