အိန္ဒိယ-မြန်မာချစ်ကြည်ရေး ယောဂကျင့်စဉ်ဓာတ်ပုံနှင့် ပန်းချီပြပွဲ (ရုပ်သံ)

July 15, 2015

အိန္ဒိယ ဟိန္ဒူဘုရားပွဲတော် လူများတိုးကြိတ်မိ၊ ၂၇ ဦးသေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းက အန်ဒရာ ပရာဒက်ရှ့် (Andhra Pradesh) ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ဟိန္ဒူဘုရားပွဲတော်တခုအတွင်း ဘုရားဖူးတွေ စုပြုံတိုးကြိတ်မိကြရင်း ၂၇ ဦး သေဆုံးသွားတယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။ ရာဂျာမော်ဒရီ (Rajahmundry) မြို့ မဟာပူခ်ျကရာလူ (Maha Pushkaralu) ဘုရားပွဲတော်အတွင်း ဂိုဒါဗရီ (Godavari) မြစ်ထဲအဆင်းမှာ စုပြုံ တိုးကြိတ်မိကြတာပါ။ ဖိနပ်တွေ ကျွတ်လို့ ပြန်အကောက်မှာ လူတွေထပ်မိပြီး နင်းမိခဲ့ကြတာလို့ ဒေသခံရဲတွေက ပြောဆိုပါတယ်။ ဒီ ၁၂ ရက်ကြာ ကျင်းပတဲ့ ဘုရားပွဲအတွင်း ဂိုဒါဗရီမြစ်ထဲ ရေဆင်းချိုးရင် ပြုခဲ့သမျှ မကောင်းမှုတွေ ကင်းစင်တယ်လို့ ဘုရားဖူး ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြတာပါ။ ဒဏ်ရာရသူ အယောက် ၄၀ ရှိခဲ့ပြီး အဲဒီထဲက ၂ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ဆေးရုံ အာဏာပိုင်တွေက ပြောပါတယ်။ အခုလို ဘုရားဖူးတွေ ပိတ်ကျပ်ပြီး နင်းမိခဲ့ကြတဲ့အချိန်ဟာ မိနစ် ၂၀ လောက်ကြာမယ်လို့ မျက်မြင်ဘုရားဖူးတဦးက ပြောပါတယ်။ အခုလိုဖြစ်ပွားရခြင်း အကြောင်းရင်း အသေးစိတ်ကိုလည်း ဒေသခံ အာဏာပိုင်တွေက စုံစမ်းနေပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် မိုဒီက အခုလို ဘုရားဖူးတွေ ဘုရားပွဲတော်အတွင်း သေဆုံးရတဲ့အတွက် ၀မ်းနည်းကြောင်း သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီ မဟာပူခ်ျကရာလူ ဘုရားပွဲတော်ကို နှစ်စဉ် နိုင်ငံတ၀န်းက ဘုရားဖူး သန်း ၂၀ ကျော် လာရောက်ကြပြီး ၂၀၁၃ ခုနှစ်ကတော့ အခုလို ထိုးနင်းကြိတ်မိခဲ့ကြပြီး လူ ၁၁၅ ယောက် သေဆုံးခဲ့ပါတယ်။
6 years Ago

July 2, 2015

ရုရှားတွင် ယောဂသင်တန်း ပိတ်ပင်ခံရ

ရုရှားနိုင်ငံအလယ်ပိုင်း နစ်ဇ်နာဗာတော့ခ်စ်မြို့ အာဏာပိုင်တွေက ဘာသာရေး ယဉ်ကျေးမှု ပျံ့နှံ့လာတာကို တားဆီးတဲ့အနေနဲ့ ယောဂသင်တန်းကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ နစ်ဇ်နာဗာတော့ခ်စ်မြို့ရှိ ယောဂစတူဒီယို ၂ ခုရဲ့ တာဝန်ရှိသူတွေဆီကို မြို့နယ်အာဏာပိုင်တွေက ယောဂသင်တန်း လှုပ်ရှားမှုတွေကို ရပ်ဆိုင်းဖို့ ပေးစာပို့ခဲ့တယ်လို့ မောစကိုတိုင်းမ်စ် သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီယောဂသင်တန်းကျောင်း ၂ ခုလုံးဟာ ကစားကွင်းနေရာနဲ့ အများပြည်သူတွေ့ဆုံတဲ့ နေရာတွေကို ငှားရမ်းပြီး ယောဂသင်တန်း လှုပ်ရှားမှုအတွက် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အားကစားကွင်းထဲက ယောဂသင်တန်းတွေ ရပ်တန့်ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်ဆိုတာကို စာထဲမှာ ဖော်ပြထားပါတယ်။ နောက်ထပ် စာတစောင်ထဲမှာတော့ ဒီအစီအစဉ်ဟာ ဘာသာရေး ယဉ်ကျေးမှုနဲ့ လှုပ်ရှားမှု အသစ်တွေ ပျံ့နှံ့မလာအောင် ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။ ယောဂကျင့်စဉ်ဟာ အသက်ရှူခြင်းနဲ့ ကိုယ်ကာယလေ့ကျင့်ခန်း တွဲဖက်ဆောင်ရွက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။
6 years Ago
More News
Up