အိန္ဒိယ-မြန်မာ

September 14, 2018

မြန်မာ-အိန္ဒိယနယ်စပ်ဂိတ် ၂ ခုကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်

မြန်မာ-အိန္ဒိယနယ်စပ်က တမူး-မိုးရေးနဲ့  ရိခေါဒါရ်-ဇိုခေါသာ နယ်စပ်ဝင်ထွက်ဂိတ်တွေကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ်အဖြစ် ဖွင့်လှစ်ခဲ့ကြောင်း နယူးဒေလီအခြေစိုက်  မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ ဒီဂိတ်တွေကို သြဂုတ် ၈ ရက်ကတည်းက တရားဝင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို လာရောက်လိုတဲ့ နိုင်ငံခြားသားတွေအနေနဲ့  နိုင်ငံကူးလက်မှတ်နဲ့ သက်တမ်းရှိ ပြည်ဝင်ခွင့်ဗီဇာရှိပါက အဆိုပါဂိတ်ကနေ ၀င်ထွက်ခွင့်ပြုထားတယ်လို့လည်း ဖော်ပြပါတယ်။ အဆိုပါဂိတ် နှစ်ခုကနေ ၀င်ရောက်လိုတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ခွင့်ပြုနိုင်ငံစာရင်းမှာ ပါဝင်ပါက၀င်ရောက်နိုင်သလို e-visa ကို လျှောက်ထားဝင်ရောက်နိုင်တယ်လို့လည်း မြန်မာသံရုံးက ကြေညာထားပါတယ်။
3 years Ago

July 7, 2018

အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့နယ်ခွဲအတွင်း ၆ လအထိ ညမထွက်ရ အမိန့်ထုတ်

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အိန္ဒိယဘက်ခြမ်း မိုးရေးမြို့နယ်မြေခွဲအတွင်း ဒီနေ့ကစပြီး ခြောက်လအတွင်းထိ ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ကို မဏိပူရအစိုးရ မိုရေးတွဲဖက်ခရိုင်တရားသူကြီးရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်ကို ဇူလိုင် ၄ ရက်က အာသံတပ်ဖွဲ့ ၁၂ မှ ဗိုလ်မှူး Madhusudan Sharmaထံ ညမထွက်ရအမိန့် ချမှတ်နိုင်ဖို့ အခုလိုတောင်းဆိုခဲ့ပြီးနောက် မဏိပူရအစိုးရ မိုရေးတွဲဖက် ခရိုင်တရားသူကြီးရုံးက အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ပတ်လည် မိုရေးနယ်မြေခွဲအတွင်း ညမထွက်ရ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို အမိန့်ထုတ်ပြန်တာ အိန္ဒိယဘက်​က ကုန်​သည်​​တွေ လာဖို့ခက်ခဲပြီး တမူးကုန်​သည်​​တွေလည်း အဆင်​မ​ပြေမှု​တွေ ရှိနိုင်​တယ်​လို့ ကို​အောင်​မျိုးဦးက ပြောပါတယ်။ အဲဒီကြေညာချက်မှာ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ပတ်လည် နယ်စပ်ကနေ ၃ ကီလိုမီတာ အကွာအဝေးအတွင်း လူ ၅ ဦးထက်ပိုမိုစုဝေးခြင်း၊ တားမြစ်ထားတဲ့ လက်နက်တွေ ကိုင်ဆောင်ခြင်း၊ တုတ်၊ လှံ၊ ဓာတုပစ္စည်းနဲ့ သေစေနိုင်တဲ့ လက်နက်ကရိယာများ ကိုင်ဆောင်ခြင်တို့ကို တားမြစ်ထားပြီး ည ၇ နာရီကနေ မနက် ၄ နာရီအတွင်း ၆ လ ကြာ ညမထွန်မထွက်ရလို့ ဖော်ပြပါရှိပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်မှာ အိန္ဒိယအစိုးရနဲ့ မြန်​မာနိုင်​ငံက ​မြေတိုင်းအဖွဲ့တို့ပူ​ပေါင်းပြီး အရင်​လက စိုက်ထူခဲ့တဲ့ နယ်​စပ်​မှတ်​တိုင်​ ၈၁ ဟာ မဏိပူရ ကသည်းလူမျိုးတွေရဲ့ ဘိုးဘွားပိုင် ​နယ်​​မြေအတွင်းကို ၃ မိုင်လောက် ကျူးကျော်​​နေတယ်​လို့ မဏိပူရပြည်​နယ်​မှ ကသည်းလူမျိုးတွေက ​ပြောဆိုပြီး ကန့်ကွက်မှုတွေ ရှိနေပါတယ်။ သတင်း-​ဂေါင်​​ဂေါင်
3 years Ago
More News
Up