အိန္ဒိယ နေရာအများစုတွင် မိုးများပြီး ရေကြီးမှုကြုံတွေ့

A d v e r t i s e m e n t With Us

August 5, 2016

အိန္ဒိယ နေရာအများစုတွင် မိုးများပြီး ရေကြီးမှုကြုံတွေ့

အိန္ဒိယနိုင်ငံ အစိတ်အပိုင်းအတော်များများမှာ မိုးများပြီး ရေကြီးမှုနဲ့ ကြုံနေရပါတယ်။ နိုင်ငံအနေက်ပိုင်း ဟာရက်ထြာပြည်နယ်ထဲမှာ သုံးရက်ဆက်တိုက် မိုးရွာသွန်းပြီးနောက် နာရှစ်ခရိုင်မှာ ရေကြီးနေပြီး ရွာတွေအတော်များများ ရေမြုပ်နေပါတယ်။ ဒေသအာဏာပိုင်တွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ ကာရန်ဂျာဆိုတဲ့ရွာမှာ လူအနည်းဆုံး ၁၆ ဦးကို ကယ်တင်ခဲ့ရပြီး ရှိတ်ကီဒါရွာမှာလည်း ၄၆ ဦးကို ကယ်တင်ခဲ့ရတယ်လို့ ကယ်ဆယ်ရေး အရာရှိတဦးက ပြောပါတယ်။ ဒီအတောအတွင်းမှာ ဂိုဒါဗာရီ မြစ်ရေလျှံနေပြီး တံတားတစင်းလည်း ပျက်စီးသွားပါတယ်။ အော်ရန်ဒါဘတ်မြို့နယ်ထဲက ရေထိန်းဆည်တွေ ရေလျှံနေတာကြောင့် ရေတံခါးတွေ ဖွင့်ချထားရပါတယ်။ ဒါကြောင့် ဆည်အောက်ပိုင်းက ရွာတွေမှာ ရေကြီးရေလျှံတဲ့ အခြေအနေတွေလည်း ပိုဆိုးနေတယ်လို့ ရွာသားတွေက ဆိုပါတယ်။ နိုင်ငံမြောက်ပိုင်းဒေသတွေမှာလည်း မိုးများပြီး ရေကြီးတာနဲ့ မြေပြိုတာ ကြုံနေရပါတယ်။ ဆင်းမလားမြို့မှာ မြေပြိုမှုကြောင့် အထပ်မြင့် အဆောက်အအုံတလုံး ပြိုကျသွားပါတယ်။ လာမယ့်ရက်တွေမှာ မိုးများနိုင်သေးတယ်လို့ မိုးလေ၀သဌာနကလည်း သတိပေးချက် ထုတ်ပြန်ပါတယ်။
5 years Ago
Up