အိန္ဒိယ ဟိန္ဒူဘုရားပွဲတော် လူများတိုးကြိတ်မိ၊ ၂၇ ဦးသေဆုံး (ရုပ်သံ)

July 24, 2015

အိန္ဒိယ စာသင်ကျောင်းတခုတွင် ကျားသစ် ၀င်ရောက်သောင်းကျန်း (ရုပ်သံ)

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတကာပြည်နယ်မှာ ဇူလိုင် ၂၃ ရက်နေ့က စာသင်ကျောင်းတခုထဲ ကျားသစ်တကောင် ၀င်ရောက်သောင်းကျန်းခဲ့လို့ ကျောင်းသူကျောင်းသားတွေနဲ့ ဒေသခံတွေ စိုးရိမ်အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။ ကျားသစ်ဝင်နေတဲ့ အခန်းတံခါးကို အတင်းပိတ်ဖို့ ကြိုးစားခဲ့သူတဦး လက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အခင်းဖြစ်ဖြစ်ချင်း ဒေသခံရဲတပ်ဖွဲ့ဝင်တွေ ကျောင်းကိုရောက်လာကြပြီး ကျောင်းကိုလည်း ပိတ်လိုက်ရပါတယ်။ ကျားသစ်ကို မေ့ဆေးသေနတ်နဲ့ပစ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ဆိုခဲ့ကြပါတယ်။
6 years Ago

July 23, 2015

အသည်းတခုတည်းပါ ဗိုက်ချင်းဆက် အမြွှာ အိန္ဒိယတွင် မွေးဖွား (ရုပ်သံ)

၂ ယောက်ပေါင်း အသည်းတခုပဲရှိတဲ့ ဗိုက်ချင်းဆက် ယောက်ျားလေးအမြွှာကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျပ်စ်သန်ပြည်နယ်မှာ မွေးခဲ့ပါတယ်။ ဗိုက်ချင်းဆက်နေတဲ့ အမြွှာညီအစ်ကိုကို ဂျိုဒ်ပါမြို့က အူမိတ်ဆေးရုံမှာ ဇွန် ၃၀ ရက်နေ့က မွေးခဲ့တာဖြစ်ပြီး ဒေါက်တာ အိုပီ ရှာမာက ကလေးတွေရဲ့ အခြေအနေကို ဇူလိုင် ၂၁ ရက်နေ့က ရှင်းပြခဲ့ပါတယ်။ “ဒါဟာ အင်မတန် ရှားတဲ့ ပုံမမှန်မှု တခုပဲ။ သူတို့ရဲ့ နှလုံးက ပုံမှန်ပဲ၊ အသည်းက တခုတည်းကို ၂ ယောက် မျှဝေထားရတယ် တယောက်က ဘယ်ဘက် အသည်းလုံး အဖု တခုရှိနေပြီး နောက်တယောက်က ညဘက် အသည်းဖုကို ရထားတယ်။” ယောက်ျားလေး ၂ ယောက်ကို လိုအပ်တဲ့ ခွဲစိတ်မှုတွေ လုပ်ဖို့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ သိန်းခွဲကျော်နဲ့ ညီမျှတဲ့ အိန္ဒိယ ရူပီးငွေ ၁ သန်း လိုအပ်တယ်လို့ ခန့်မှန်းထားပါတယ်။ အမြွှာ၂ ယောက်ကို ခွဲစိတ်ဖို့ ဒေသခံဆေးရုံက မြို့တော် နယူးဒေလီမှာရှိတဲ့ အစိုးရပိုင် ဆေးရုံဆီ လွှဲပေးခဲ့ပြီးပါပြီ။ ဗိုက်ချင်းဆက် အမြွှာတွေဟာ ကလေးမွေးမှု ၂ သိန်းမှာ ၁ ယောက်နှုန်း ဖြစ်ပွားလေ့ ရှိတယ်လို့ မေရီလန်း ဆေးတက္ကသိုလ်က ဆိုပါတယ်။ ဗိုက်ချင်းဆက်အမြွှာ ၄၀ ကနေ ၆၀ ရာခိုင်နှုန်းကတော့ အရှင်မွေးလေ့ရှိပြီး သူတို့ထဲက ၃၅ ရခိုင်နှုန်းကတော့ ၁ ရက်သာ အသက်ရှင်တယ်လို့ ဆိုပါတယ်။ အမြွှာတွေ သေဆုံးနှုန်းဟာ ဘယ်လိုအင်္ဂါ အစိတ်အပိုင်းတွေကို မျှဝေထားသလဲ ဆိုတာပေါ် မူတည်ပြီး ကွဲပြားခြားနားလေ့ ရှိပါတယ်။ ဒါပေမယ့် ဗိုက်ချင်းဆက်အမြွှာ ပျမ်းမျှ အသက်ရှင်နှုန်း ကတော့ ၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းသာ ရှိပါတယ်။
6 years Ago
Up