အိန္ဒိယနိုင်ငံ ကာရာလာ ပြည်နယ်က ပူတင်ဂါ ဘုရားကျောင်းမှာ မီးလောင်တဲ့ အတွက် လူ ၁၀၀ ကျော်သေဆုံးသွားပါတယ်။
ဘုရားကျောင်းအတွင်းက အဆောက်အဦက ပြိုကျသွားပြီး လူ ၂၀၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။ ဒဏ်ရာရရှိသူတွေထဲက အများစုကတော့ အရေးပေါ် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဧပြီ ၁၀ ရက်မှာ ဒေသခံတွေရဲ့ ဟိန္ဒူ နှစ်ကူးအတွက် မီးရှုးမီးပန်းတွေထားတဲ့ ဂိုဒေါင် ပေါက်ကွဲပြီး လောင်ကျွမ်းခဲ့တာလို့ ဒေသခံ သတင်းတွေက ထုတ်ပြန်ပါတယ်။
မီးလောင်ကျွမ်း သေဆုံးသူတွေရဲ့ ဒီအန်အေကို အသုံးပြုပြီး ဘယ်သူဆိုတာ ဖော်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုဟာ ပြင်းထန်တဲ့အတွက် ၁ ကီလိုမီတာ အကွာအဝေးအထိ သက်ရောက်မှု ရှိတယ်လို့ ပါတယ်။
ဘုရားကျောင်း အုပ်ချုပ်ရေးအဖွဲ့နဲ့ မီးရှုးမီးပန်းတွေကို ပြသဖို့ လုပ်ဆောင်တဲ့သူတွေကို ရဲတပ်ဖွဲ့က အရေးယူဖို့ လုပ်ဆောင်နေပါတယ်။
အိန္ဒိယ၀န်ကြီးချုပ်ကလည်း မီးလောင်မှုဖြစ်တဲ့နေရာကို သွားရောက်နေသလို ထိတ်လန့်မိတယ်လို့ ပြောပါတယ်။
5 years Ago