အိန္ဒိယ ဘီဟာပြည်နယ်တွင် ရေကြီးပြီး မြစ်ရေဆက်တက်၊ လူ ၄ သိန်းကျော် ရေဘေးသင့်

September 5, 2017

အိန္ဒိယ ဘီဟာပြည်နယ်တွင် ရေကြီးပြီး မြစ်ရေဆက်တက်၊ လူ ၄ သိန်းကျော် ရေဘေးသင့်

အိန္ဒိယနိုင်ငံ အရှေ့ဘက်ခြမ်းက ဘီဟာပြည်နယ်မှာ ရေကြီးနေပြီး စက်တင်ဘာ ၄ ရက်နေ့က ကိုစီမြစ်ရေ ဆက်လျှံတက်လာလို့ ဆူပေါလ်ခရိုင်က ရွာအများအပြား ပျက်စီးပြီး လူအယောက် ၄ သိန်းကျော် ရေဘေးသင့်ခဲ့ပါတယ်။ မာရိုနာရွာသူကြီး ရာမဲ့ရဗ်က ဒေသခံတွေဟာ အစိုးရအကူအညီတွေ မရသေးဘူးလို့ ပြောပါတယ်။ ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က မိုးကြီးလို့ ဘန်ဂါလူရူမြို့မှာ ပုံမှန် လူနေမှုဘဝ ရပ်တန့်ခဲ့ပြီး ပြည်သူတွေဟာ ရွှံ့တွေ ရေတွေကြားမှာ ရုန်းကန်နေရသလို စီးပွားရေးလုပ်ငန်းတွေလည်း မဖွင့်နိုင်ဘဲ ဖြစ်နေတာပါ။ အိန္ဒိယနိုင်ငံတလွှား ရေကြီးမှုဟာ နှစ်စဉ် ဖြစ်နေကျဖြစ်ကာ ဇွန်လကနေ စက်တင်ဘာလကြား မိုးကြီးတဲ့ရာသီမှာ မြစ်ကမ်းပါးတွေ ကျိုးပေါက်ပြီး မြစ်ရေလျှံလေ့ရှိပါတယ်။ ဘီဟာပြည်နယ်မှာ ဒီနှစ်အတွင်း ရေကြီးမှုကြောင့် အနည်းဆုံး လူ ၅၁၄ ဦး သေဆုံးပြီး လူအယောက် ၈ သိန်းခွဲ ဘေးကင်းရာ ရွှေ့ပြောင်းရပါတယ်။ အစိုးရဟာ အင်မတန်များတဲ့ ကမ်းပါးတွေ၊ လမ်းတွေ၊ အဝေးပြေးလမ်းတွေ တည်ဆောက်ခဲ့လို့ ရေတွေ ပိတ်မိနေခဲ့တယ်၊ ရေထွက်ပေါက်အတွက် နည်းနည်းပဲ တွေးခဲ့တယ်လို့ စည်းရုံးလှုံ့ဆော်သူတွေက ပြောခဲ့ပါတယ်။
4 years Ago
Up