အိန္ဒိယ နာမည်ကြီးမင်းသမီး

March 1, 2018

အိန္ဒိယ နာမည်ကြီးမင်းသမီး ဆရီဒေ၀ီနာရေး ဘောလိဝုဒ်ကြယ်ပွင့်များ တက်ရောက်

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ဂန္ထဝင်ရုပ်ရှင်မင်းသမီး ဆရီဒေဝီရဲ့ နာရေးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က  ဘောလိဝုဒ်ကြယ်ပွင်တွေနဲ့ ထောင်နဲ့ချီတဲ့ ပရိသတ်တွေ သွားရောက်ခဲ့ကြပါတယ်။ မင်းသမီး ဆရီဒေဝီဟာ မိသားစုမင်္ဂလာပွဲ တပွဲကို တက်ရောက်ဖို့ ဒူဘိုင်းကို ရောက်ရှိနေချိန် ဖေဖော်ဝါရီ ၂၄ ရက်နေ့ညက ကွယ်လွန်သွားခဲ့တာပါ။ သူဟာ ဟိုတယ်ခန်းထဲက ရေချိုးဇလားကန်ထဲမှာ ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဆရီဒေဝီမှာ ခင်ပွန်းဖြစ်သူနဲ့ သမီးနှစ်ယောက်ကျန်ရစ်ခဲ့ပါတယ်။ အနုပညာသည်ဘဝ နှစ် ၅၀ သက်တမ်းမှာ ရုပ်ရှင်ကား ၃၀၀ ထိ ရိုက်ကူးခဲ့တဲ့ ဆရီဒေဝီဟာ ၂၀၁၃ ခုနှစ်မှာ အိန္ဒိယအစိုးရက နှစ်စဉ် ဂုဏ်ပြုတဲ့ ပတ်ဒမာရှီဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဒီဆုဟာ အရပ်ဘက် လူပုဂ္ဂိုလ်တွေကို ဂုဏ်ပြုပေးအပ်တဲ့ ဆုတွေထဲမှာ စတုတ္ထမြောက် အမြင့်ဆုံးဆုလည်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up