အိန္ဒိယ ဆင်းရဲသားပြည်သူများ

February 3, 2017

အိန္ဒိယ ဆင်းရဲသားပြည်သူများအတွက် ဘဏ္ဍာငွေ စံချိန်တင်သုံးမည်ဟု ၀န်ကြီးပြော

အိန္ဒိယနိုင်ငံရဲ့ အခုနှစ်အတွက် ဘတ်ဂျက်ကို အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ပြီး တောနေ ဆင်းရဲသားပြည်သူတွေကို ဆင်းရဲမွဲတေမှုကနေ ဆွဲထုတ်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး Arun Jaitley က ပြောဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ အသုံးအများဆုံး ငွေစက္ကူတွေကို ဖျက်သိမ်းလိုက်လို့ ပြီးခဲ့တဲ့လတွေအတွင်း ငွေစက္ကူအကျပ်အတည်း တွေဖြစ်ခဲ့အပြီး အခုလို အိန္ဒိယအစိုးရက အခုနှစ်အတွက် ဘတ်ဂျက်ကို ထုတ်ပြန်ခဲ့တာပါ။ အခုနှစ် ဘတ်ဂျက်ထဲကနေ ကျေးရွာတွေမှာ ဆည်မြောင်းတွေ၊ လမ်းတံတားတွေ၊ လျှပ်စစ်မီးနဲ့ အိမ်သာတွေအတွက် အများအပြားသုံးစွဲမယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီးကလည်း ပြောဆိုပါတယ်။ လယ်သမားတွေကို စိုက်ပျိုးရေးချေးငွေ ပိုမိုထုတ်ချေးပေးမှာလည်း ဖြစ်ပါတယ်။ အိမ်ထောင်စုတိုင်း တနှစ်ကို ရက် ၁၀၀ အလုပ်အကိုင်ဖန်တီးပေမယ့် အစီအစဉ်အတွက်လည်း အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် စံချိန်တင်သုံးစွဲဖို့လည်း ရှိပါတယ်။ ၅ နှစ်အတွင်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကနေ ၀င်ငွေ ၂ ဆ ရရှိရေးရည်မှန်းချက်အတွက် ကျေးရွာနဲ့ လယ်သမားဘ၀ မြှင့်တင်ရေးအတွက် ဘတ်ဂျက်ကို ၂၄ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲသွားမှာ ဖြစ်ပါတယ်။
4 years Ago
Up