အိန္ဒိယ စားသောက်ဆိုင်ပေါက်ကွဲမှု ၈၀ ကျော် သေဆုံး (ရုပ်သံ)

A d v e r t i s e m e n t With Us

September 13, 2015

အိန္ဒိယ စားသောက်ဆိုင်ပေါက်ကွဲမှု ၈၀ ကျော် သေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံ၊ မဒရာပရာဒခ်ျ့ (Madhya Pradesh) ပြည်နယ်မှာ စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းက စားသောက်ဆိုင်တခုမှာ အင်အားပြင်းပေါက်ကွဲမှုတခု ဖြစ်ပြီး လူအနည်းဆုံး ၈၂ ဦး သေဆုံးသွားတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ စားသောက်ဆိုင်ထဲမှာ မနက်စာစားချိန် ကျောင်သားလူငေယ်တွေ၊ အလုပ်သမားတွေနဲ့ ပြည့်နေချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ပေါက်ကွဲရတဲ့ အသေးစိတ်ကို စုံစမ်းနေပေမယ့် ရဲတွေ ပထမပိုင်းပြောဆိုမှုကတော့ စားသောက်ဆိုင် ဂတ်စ်အိုးအရင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အနီးအနားက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ကူးစက်ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပြီး အနီးပတ်ဝန်းကျင်မှာနေထိုင်သူ တွေကိုလည်း ဘေးကင်းရာကို ပြောင်းရွှေ့ထားပါတယ်။ ဆေးရုံမှာ ဒဏ်ရာနဲ့ ဆေးကုသမှုခံယူနေသူ အနည်းဆုံး ၃၅ ဦးရှိတယ်လို့လည်း အာဏာပိုင်တွေက ပြောဆိုပါတယ်။ ပေါက်ကွဲမှုပြင်းထန်တာကြောင့် စားသောက်ဆိုင်ဘေး ကပ်လျက် အဆောက်အဦလည်း ပြိုကျသွားခဲ့ပြီး ပတ်ဝန်းကျင် နေအိမ်အတော်များများလည်း ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ ဘတ်စ်ကားမှတ်တိုင်နဲ့လည်း နီးကပ်တယ်လို့ ပြောဆိုပါတယ်။ ခရိုင်ရဲအရာရှိတဦးကတော့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို တစုံတဦးက အဆောက်အဦတခုထဲမှာ ထားရှိပုံပေါ်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးပြီးမှ အတည်ပြုပြောနိုင်မယ်လို့ ပြောပါတယ်။ ဒီပေါက်ကွဲမှုဖြစ်ခဲ့တဲ့ခရိုင်ထဲမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေတည်ရှိပြီး သတ္တုတွင်းလုပ်သမားတွေဟာလည်း မြို့ထဲမှာ အိမ်ငှားနေကြတာ ဖြစ်ပါတယ်။
5 years Ago
Up