အခြေခံ အဆောက်အအုံနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မယ့် ဘတ်ဂျက်သစ် တရပ်ကို အိန္ဒိယ အစိုးရက ဇူလိုင် ၅ ရက်မှာ စတင်လိုက်ပါတယ်။
ဒီဘတ်ဂျက်သစ်ဟာ ၀န်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ဘီဂျေပီပါတီ ဒုတိယအကြိမ် အာဏာရပြီးနောက်ပိုင်း ပထမဆုံး ဘတ်ဂျက်သစ်ဖြစ်ပါတယ်။
ဒီဘတ်ဂျက်သစ်ကြောင့် အိန္ဒိယနိုင်ငံ စီးပွားရေးဟာ လက်ရှိဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ထရီလီယံရှိလာပြီး လာမယ့် နှစ်အနည်းငယ်အတွင်း ၅ ထရီလီယံ ရှိလာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခြေခံ အဆောက်အအုံနဲ့ အလုပ်အကိုင် ဖန်တီးမှုမှာ အမြောက်အမြား ရင်းနှီး မြှုပ်နှံသွားမှာပါ။
အဲဒီနောက် ၂၀၁၈ နဲ့ ၂၀၃၀ အတွင်း ရထားလမ်း ဆောက်လုပ်ရေး၊ လေယာဉ်ဝယ်ယူရေးနဲ့ ငှားရမ်းမှု ကဏ္ဍတွေမှာ အမေရိကန် ဒေါ်လာ ၇၂ ဘီလီယံ မြှုပ်နှံသွားမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago